ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့တွင် တရားမဝင်လောင်းကစားလုပ်ငန်းမှ နှစ်စဉ် ဒေါ်လာဘီလျံရာချီ ရရှိနေဟုဆို
Pika (NSS) - အောက်တိုဘာ ၁၂
အရှေ့တောင်အာရှတစ်ဝှမ်းတွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအိုနိုင်ငံတို့သည် ကမ္ဘာတစ်ဝန်းရှိ တရားမဝင်လောင်းကစားမှုများ၏ ထက်ဝက်နီးပါးကို လွှမ်းမိုးထားပြီး တရားမဝင်လောင်းကစားလုပ်ငန်းများမှ ငွေကြေး အမေရိကန်ဒေါ်လာ(၄၂၅)ဘီလျံ ထုတ်ပေးနေကြောင်း Asian Racing Federation and The Mekong Club တို့၏ အစီရင်ခံစာအရ သိရသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ လောင်းကစားမှုထက်ဝက်နီးပါးသည် တရုတ် နိုင်ငံမှ လာခြင်းမျိုးဖြစ်ကြောင်း Asian Racing Federation and The Mekong Club က ပြောကြားခဲ့သည်။
စုစုပေါင်း တရားမဝင်လောင်းကစားဈေးကွက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) ထရီလီယံခန့် ရှိကြောင်းလည်း သိရသည်။ မကြာသေးမီက စင်ကာပူနိုင်ငံတွင် ကြီးမားသေားငွေကြေးခဝါမှုကိစ္စဖြစ်ပွားခဲ့သော် လည်း လောင်းကစားဈေးကွက်ကို ထိခိုက်ခဲ့ခြင်းမျိုးမရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှတွင် တရားမဝင်လောင်းကစားလုပ်ငန်းများ၊ လူကုန်ကူးများ နှင့် အွန်လိုင်းကို အသုံးပြုကာ လိမ်လည်နေသောဂိုဏ်းများ ပျံ့နှံ့နေပြီး ဒေသတွင်းရှိနိုင်ငံများသည် အဆိုပါတရားမဝင်လုပ်ငန်းများကို တိုက်ဖျက် နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံကို အခြေပြုလှုပ်ရှားနေသည့် လူကုန်ကူးဂိုဏ်းများတွင် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်နေသူများသည် တရုတ်အစိုးရ၏ ဖြိုခွင်းမှုကို ရင်ဆိုင်ရပြီးနောက် အရှေ့တောင်အာရှဒေသသို့ ပြောင်းရွှေ့ကာ အခြေပြုလှုပ်ရှား လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းက မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ