အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းက မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရရှိ
သန့်ဇင်(NSS) - အောက်တိုဘာလ ၁၂
(၂၀၂၆) ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပထမအဆင့်၊ ပထမအကျော့အဖြစ် မြန်မာ့လက် ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၅ဂိုး၊ ၁ဂိုးဆိုသည့်ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲကို ယနေ့(အောက်တိုဘာလ ၁၂ရက်)၊ ညနေ ၄နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် လွင်မိုးအောင်၊ စိုးမိုးကျော်၊ အောင်ကောင်းမန် နှင့် နေမိုးနိုင်တို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင်၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးနိုင်၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ မောင်မောင်လွင်၊ သန်းပိုင် နှင့် အောင်သူတို့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Ballon d'Or ဆုကို မက်ဆီ ရရှိရန် မထိုက်တန်ကြောင်း ဂျူဗင်တပ်ကွင်းလယ်လူ Adrien Rabiot ထုတ်ဖော်ပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း