အိန္ဒိယနိုင်ငံတွင် ရထားတွဲလမ်းချော်ကာ တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ (၆ဝ) ဦး ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - အောက်တိုဘာ ၁၂
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် အောက်တိုဘာလ(၁၁)ရက်က ရထားတွဲလမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆ဝ)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒေလီမြို့မှ Assam မြို့သို့ ပြေးဆွဲသည့် North-East Express ရထားတွဲသည် အောက်တိုဘာလ(၁၁)ရက်တွင် ဘီဟာပြည်နယ် Buxar ခရိုင်ရှိ Raghunathpur ရထားဘူတာရုံတွင် လမ်းချော်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ် ကြောင်း East Central Railway တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရထားတွဲတိမ်းမှောက်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ(၆ဝ)ဦးအနက်မှ အချို့ကို ဘီဟာပြည်နယ် Patna မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါမတော်တဆမှုကြောင့် ရထား လမ်းကြောင်း အတက်အဆင်းများ ရပ်တန့်သွားခဲ့ပြီး ခရီးသည်တင်ရထားများနှင့် ကုန်စည်ရထားများ လမ်းကြောင်း ပြောင်းသွားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
မီးရထားဝန်ကြီး Ashwini Vaishnaw က "ရထားတွဲတိမ်းမှောက်ခဲ့တဲ့ Buxar ခရိုင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြည်နယ်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့တွေ၊ ခရိုင်အုပ်ချုပ်ရေးနဲ့ မီးရထားအရာရှိတွေအားလုံးဟာ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့သစ်သီးဝလံများအား တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချခွင့်ရနိုင်မည့် မဲခေါင်-လန်ချန်းသစ်သီးပွဲတော်(မြန်မာ)ကျင်းပမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ