Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-12 / 5:20 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၂ 

ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲအတွင်း သိမ်းဆည်းထားတဲ့စစ်လက်နက်ပစ္စည်းတွေကို ဟားမက်စ်အဖွဲ့ကို ကူညီထောက်ပံ့ပေးနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ ယူကရိန်းစစ်ထောက်လှမ်းရေး အဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူက "ရုရှားတပ်ဖွဲ့တွေဟာ ကျွန်တော်တို့ထံကနေ သိမ်းယူထားတဲ့ ခြေလျင်တပ်ဖွဲ့သုံး လက်နက်တွေကို ဟားမက်စ်အဖွဲ့ထံ ပြန်လည်ထောက်ပံ့ပေးခဲ့တာသေချာပါတယ်" လို့ ပြောပါတယ်။ 


ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကိုတိုက်ခိုက်နေတဲ့ အစ္စရေးဟာ ကျည်ဆံများကူညီထောက်ပံ့ပေးဖို့ ဂျာမနီ အစိုးရထံ အကူညီတောင်းခံလိုက်ကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘိုရစ် ပစ်တိုရစ် က ၎င်းတို့ အနေနဲ့ အစ္စရေးရဲ့အကူအညီတောင်းခံမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးသွားဖွယ်ရှိနေကြောင်း ပြောပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးပိုင်နက်အတွင်းမှာ အသုံးပြုနိုင်ဖို့ ဂျာမနီနိုင်ငံထုတ် Heron ဒရုန်းနှစ်စီး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။


အစ္စရေးအစိုးရက ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံပိတ်ဆို့မှု ထားများ လုပ်ဆောင်မှာမဟုတ်ကြောင်း ပြောပါတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသကို ရေနံ နဲ့ စက်သုံးဆီတင်သွင်းခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အစ္စရေးဘက်က အခုလိုမျိုးတုံ့ပြန်ခဲ့တာပါ။ အစ္စရေး ဟာ ဟားမက်စ်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ လေကြောင်းကတဆင့် ဗုံးကြဲမှုတွေသာမက ဂါဇာကမ်းမြောင် ဒေသကို အစားအစာ၊ ရေ၊ လျှပ်စစ်မီး နဲ့  အခြားပစ္စည်းတွေ ပေးပို့လို့မရအောင် ဖြတ်တောက်ပိတ်ဆို့ထားကြောင်း သိရပါတယ်။ 


အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ ဆီးရီးယားသမ္မတ ဘာဆက်အယ်အာဆက်ဒ်တို့ဟာ အစ္စရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုခံနေရတဲ့ ပါလက်စတိုင်းကို ကူညီထောက်ပံ့ပေးဖို့ အစ္စလာမ်တွေ စုစည်းညီညွှတ်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အီရန်သမ္မတ နဲ့ ဆီးရီးယားသမ္မတတို့ဟာ ဖုန်းဆက်ပြောဆိုချိန်အတွင်း အစ္စလာမ်မစ်တွေ ညီညွတ်ကြဖို့ တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးတပ်ဖွဲ့ရဲ့ဖိနှိပ်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်နေတာတွေကို ရပ်တန်ဖို့ ကမ္ဘာကြီးနဲ့ အာရပ်နိုင်ငံအားလုံးတစ်စုတစ်စည်းတည်းရပ်တပ်ရမယ်လို့ အီရန်သမ္မတ နဲ့ ဆီးရီးယားသမ္မတက ပြောပါတယ်။ 

အစ္စရေးဟာ ယူကရိန်းစစ်ပွဲမှာ ပါဝင်နေတဲ့ အစ္စရေးတိုက်ခိုက်ရေးသမားတွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူခဲ့ ကြောင်း ရုရှားစစ်ဘက်က ပြောပါတယ်။ ရုရှားစစ်ဘက်က အစ္စရေးတပ်ဖွဲ့တွေဟာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ သွယ်ဝိုက်ပြီး ပါဝင်နေကာ ယူကရိန်းတပ်ဖွဲ့တွေကို စစ်သင်တန်းများ စီစဉ်ညွှန်ကြားပေးနေကြောင်း ဆိုထားပါ တယ်။ အဲဒီသူတွေကို ဟားမက်စ်နဲ့တိုက်ခိုက်မယ့်စစ်ပွဲမှာ ပြန်လည်ပါဝင်စေဖို့ ခေါ်ယူထားကြောင်း ရုရှားစစ်ဘက် က ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံတွင် ရထားတွဲလမ်းချော်ကာ တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၄)ဦးသေဆုံးကာ အခြားလူ (၆ဝ) ဦး ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved