အမျိုးသမီး(၂)ဦးကို အကြွေးများဖြင့် နှောင်ဖွဲ့၍ တရုတ်အမျိုးသားများထံ ရောင်းစားရန် စီစဉ်ခဲ့သူအား အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်
သန့်ဇင် (NSS) - အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တရားရုံးက အမျိုးသမီး(၂)ဦးကို တရုတ်အမျိုးသားများထံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးတစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင်တရားရုံးက ပြီးခဲ့သော အောက်တိုဘာလ ၁ဝ ရက်တွင် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင်နေထိုင်သည့် ဒေါ်ဖြူဖြူဝင်းသည် ရွှေကူမြို့နေ အသက်(၃၃)နှစ်အရွယ်အမျိုးသမီး နှင့် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီး(၂)ဦးတို့အား တရုတ်ယောက်ျား ကိုယူလျှင် တရုတ်ငွေ ယွမ်(၂ဝဝဝဝ) ရရှိမည်ဟု ပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအမျိုးသမီး(၂)ဦးအား တရုတ်အမျိုးသားများကို တစ်လသာပေါင်းသင်းရမည်ဖြစ်ပြီး မပျော်ပါက ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုကာ အဆင့်ဆင့်လွှဲပြောင်း ပို့ဆောင်၍ အကြွေးဖြင့် နှောင်ဖွဲ့ကာ တရုတ်ယောက်ျားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား လွယ်ဂျယ်နယ်မြေရဲစခန်းက (ပ)၉/၂ဝ၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်
ဆက်လက်၍ ဒေါ်ဖြူဖြူဝင်းအား ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၎င်းအား လူကုန်ကူမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနယ်စပ်အနားကို လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ အစီအစဉ်တွေရှိနေဟု အမေရိကန်အစိုးရ ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ