အစ္စရေးနယ်စပ်အနားကို လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ အစီအစဉ်တွေရှိနေဟု အမေရိကန်အစိုးရ ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၂
လိုအပ်မှုတွေရှိလာမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ အစ္စရေးနယ်စပ်နားကို လေယာဉ်တင်သင်္ဘော နောက်ထပ် စေလွှတ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအပေါ် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုက တိုက်ခိုက်နေခြင်း တွေအပေါ် စိုးရိမ်မိကြောင်း ဆိုပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ဟာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်လေယာဉ် တင်သင်္ဘော အုပ်စုကို မြေထဲပင်လယ်အရှေ့ဘက်ပိုင်းကို စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
USS Gerald R. Ford အမည်ရှိ အမေရိကန်လေတပ်သင်္ဘောအုပ်စုဟာ အစ္စရေးနဲ့ ဟားမက်စစ်ပွဲ ပိုမိုကျယ်ပြန့်လာ ခြင်း၊ ဒါမှမဟုတ် အခြေအနေတွေအပေါ် တင်းမာမှုတွေကိုလျော့နိုင်အောင် တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေး နယ်စပ်အနီးရှိ မြေထဲပင်လယ်အရှေ့ဘက်ပိုင်းကို ရောက်ရှိနေကြာင်း သိရပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ လိုအပ်မှုတွေ ထပ်မံရှိလာမယ်ဆိုရင် အစ္စရေးပိုင်နက်အနီးကို လေယာဉ်တင်သင်္ဘော အုပ်စုတွေ ထပ်မံစေလွှတ်မှာဖြစ်တယ်လို့လည်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က "နောက်ထပ်လိုအပ်မယ်ဆိုရင် USS Dwight D. Eisenhower အမည်ရှိ လေယာဉ်တင်သင်္ဘောအုပ်စုကို မြေထဲပင်လယ်ကို စေလွှတ်သွားမှာပါ။ ကြိုတင်စီစဉ်ထားပြီးသားပါ။ အမေရိကန်အစိုးရဟာ လက်ဘနွန်ပိုင်နက်ထဲကနေ အစ္စရေးနယ်စပ်တွေကို ရော့ကဒ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အဲဒီလုပ်ရပ်တွေက စိုးရိမ်မှုဖြစ်ရတယ်" လို့ ပြောပါတယ်။
ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်ပွားပြီးမကြာမီ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင် အုပ်စုက အစ္စရေးနယ်စပ်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာ အစ္စရေးဘက်ကလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-12 / 12:00 PM)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း