နမ့်ခမ်းမြို့၌ မူကြိုအရွယ်ကလေးငယ်အား ပြန်ပေးဆွဲခဲ့သောအဖွဲ့ကို တအာင်းလက်နက် ကိုင်အဖွဲ့ TNLA က ပစ်ခတ်ဖမ်းဆီး
မြူနစ် (NSS) - အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၌ မူကြိုအရွယ်ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲခဲ့သောအဖွဲ့ကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သော အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့အတွင်း၌ မိခင်ဖြစ်သူက ကလေးငယ်အား မူကြိုကျောင်းသို့ လိုက်ပို့ပေးစဉ်အချိန် လမ်းခုလတ်တစ်နေရာ၌ ပြန်ပေးသမားအဖွဲ့က ကားနှစ်စီးဖြင့် ရောက်ရှိလာကာ ကလေးငယ်ကို လုယူပြန်ပေးဆွဲသွားခဲ့သည်ဟု TNLA က ဆိုသည်။
ထိုသို့ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် TNLA အဖွဲ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်စဉ် ပြန်ပေးဆွဲသည့်အဖွဲ့က ဦးစွာသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဖက်အကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြန်ပေးဆွဲသည့်အဖွဲ့ဘက်မှ လူတစ်ဦး သေဆုံးခဲ့ပြီး (၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကလေးငယ်အား အချိန်မကယ်တင်နိုင်ခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြန်ပေးဆွဲသောအဖွဲ့ထံမှ Glock ပစ္စတိုသေနတ်(၂)လက်၊ Crown အမျိုးအစား ကား(၂)စီး၊ ဖုန်း(၃)လုံး၊ မြန်မာငွေကျပ်သိန်း (၂၀)၊ မှတ်ပုံတင်(၃)ခုနှင့် တရုတ်နိုင်ငံသို့ ဝင်ခွင့်ဗီဇာကတ်(၂)ခုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု TNLA က ဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီးရမိထားသော ပြန်ပေးဆွဲသမား (၂)ဦးကို အရေးယူဆောင်ရွက်သွားမည်ဟုလည်း TNLA ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြှောင်ဒေသကို ကမ္ဘာပျက်စေမယ့်လက်နက်လို့တင်စားခံရတဲ့ လက်နက်တွေအသုံးပြုတိုက်ခိုက်ဖို့ အစ္စရေးလွှတ်တော်အမတ်တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ