ဂါဇာကမ်းမြှောင်ဒေသကို ကမ္ဘာပျက်စေမယ့်လက်နက်လို့တင်စားခံရတဲ့ လက်နက်တွေအသုံးပြုတိုက်ခိုက်ဖို့ အစ္စရေးလွှတ်တော်အမတ်တောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၁
အစ္စရေး စစ်တပ်အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို တိုက်ခိုက်ရာမှာ ‘doomsday weapons’ ကမ္ဘာပျက်မယ့်လက်နက်များလို့တင်စားခေါ်ဆိုခံရတဲ့ လက်နက်များအသုံးပြုတိုက်ခိုက်သင့်ကြောင်း အစ္စရေးလွှတ်တော်အမတ် Revital Gotliv က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အဆိုပါလွှတ်တော်အမတ်ဟာ ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့ လီကွတ်ပါတီကဖြစ်ပြီး ဂါဇာကမ်းမြှောင်ကို တိုက်ခိုက်ရာမှာ ကမ္ဘာပျက်စေမယ့်လက်နက်အဖြစ်တင်စားခံရတဲ့ Jericho ဒုံးကျည်များကို အသုံးပြုတိုက်ခိုက်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
၎င်းက "Jericho ဒုံးကျည်တွေကို အသုံးပြုတိုက်ခိုက်သင့်တယ်။ အဲဒီ လက်နက်ဟာ ကမ္ဘာပျက်စေမယ့် လက်နက်ဖြစ်တယ်လို့ထင်မြင်မိပါတယ်။ ဒါဟာ ကျွန်မတစ်ဦးတည်းအမြင်ပါ" လို့ ပြောပါတယ်။
အဆိုပါ Jericho ဒုံးကျည်ဟာ အစ္စရေးနိုင်ငံထုတ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ကမ္ဘာရဲ့ ဘယ်နေရာကိုမဆို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိကြောင်းသိရပါတယ်။ အဲဒီဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးများလည်း တပ်ဆင်ပစ်လွှတ်နိုင်ကြောင်း သိရပါတယ်။ အစ္စရေးဟာ နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၁၀၀ နဲ့ ၂၀၀ ကြားပိုင်ဆိုင်ထားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် အစ္စရေးဘက်က ငြင်းဆန်ခြင်းမရှိသလို အတည်ပြုခြင်းမျိုးလည်းမရှိပါဘူး။
အစ္စရေးလွှတ်တော်အမတ်က ဂါဇာကမ်းမြှောင်ကို ဖျက်ဆီးဖို့ နျူကလီးယားလက်နက်များ တပ်ဆင်နိုင်တဲ့ ဒုံးကျည်များအသုံးပြုသင့်ကြောင်း ထပ်မံတိုက်တွန်းထားပါတယ်။ ၎င်းက " အရှေ့အလယ်ပိုင်းဒေသကို တုန်လှုပ်စေမယ့် ပေါက်ကွဲမှုဖြစ်မှသာ နိုင်ငံလုံခြုံရေး၊ နိုင်ငံတောင့်တင်းမှုနဲ့ ကံကြမ္မာကို ထိန်းသိမ်းနိုင်မှာပါ။ လက်ရှိအချိန်မှာ doomsday ကမ္ဘာပျက်စေမယ့် လက်နက်မျိုးတွေကိုအသုံးပြုသင့်တယ်။ အကန့်အသတ်မရှိတဲ့ ဒုံးကျည်တွေ ပစ်ခတ်တာမျိုးလုပ်သင့်တယ်။"လို့ ပြောပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်က အစ္စရေးကိုလျှပ်စစ်တပြက်အလစ်တိုက်ခိုက်ခဲ့မှုနဲ့အတူ အစ္စရေးစစ်သားတွေအပါအဝင်လူပေါင်း ၁၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ရာ အစ္စရေးနဲ့ ဟားမက်အဖွဲ့ကြားတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအရှိန်မြှင့်လုပ်ဆောင်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း