ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ
စော(NSS) - အောက်တိုဘာ ၁၁
ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ယနေ့ (အောက်တိုဘာလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ စာရင်းကိုင်(၄)ရာထူးတွင် (၂)ဦး ခန့် အပ်သွားမည်ဖြစ်ပြီး အခြေခံစာရင်းကိုင်သင်တန်းလက်မှတ် နှင့် ဘွဲ့တစ်ခုခုရရှိရန်လိုအပ် ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အငယ်တန်းစာရေးရာထူးအတွက် (၇)ဦး၊ ရုံးအကူရာထူးအတွက် (၁)ဦး၊ ယာဉ်မောင်းရာထူးအတွက် (၁)ဦးနှင့် သန့်ရှင်းရေးအကူ (၁)ဦးတို့ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရာထူးနေရာ လျှောက်ထားသူများသည် အောက်တိုဘာလ (၁)ရက်တွင် အသက် (၂၈)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၃)နှစ်ထက်မကြီးရန် လိုကြောင်း သိရသည်။
စာရင်းကိုင် (၄)ရာထူး၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူရာထူး လျှောက်ထားသူများအနေဖြင့် ရေဖြေစာမေးပွဲကို နိုဝင်ဘာလ (၂၀)ရက်တွင် ရန်ကုန်(ရုံးချုပ်)၌ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်သူများကို ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးသွားမည်ကြောင်း သိရသည်။
ထို့ပြင် ဖြေဆိုခွင့်ကတ်ပြားများကို နိုဝင်ဘာလ (၁၆)ရက်မှ (၁၇)ရက်တွင် ရုံးအချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းနှင့် သန်းရှင်းရေးအကူရာထူးများအတွက် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် လူတွေ့စစ်ဆေးရွှေးချယ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ရန်ကင်းမြို့နယ်၊ အမှတ် (၁) သစ္စာလမ်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အောက်တိုဘာလ (၁၁)ရက်မှစတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ (၁၃)ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်၌ EAO အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်ရန် ကြိုးပမ်းနေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ