Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်၌ EAO အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်ရန် ကြိုးပမ်းနေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မျိုးကြီး (NSS) - အောက်တိုဘာ ၁၁

NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်၌ EAO အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်ရန် ကြိုးပမ်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(အောက်တိုဘာလ ၁၁ ရက်)တွင် KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချက်၌ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများကို အသိပေးရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို အနှစ်သာရရှိရှိ ကျင်းပရန် ပြင်ဆင်နေသည်ဟု ပြောသည်။

“အစိုးရအနေနဲ့ကတော့ ဒီကာလဟာ NCA လက်မှတ်ရေးထိုးထားတဲ့ (၈)နှစ်ပြည့်ကာလ ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို NCA နှစ်ပတ်လည်နေ့ တက်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ အနှစ်သာရရှိရှိ လုပ်ဖို့လုပ်နေတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြိုးပမ်းလျက်ရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ထို့ကြောင့် ယခုကဲ့သို့ NCA နှစ်ပတ်လည်အခမ်းအနားကျင်းပရန် ပြင်ဆင်နေချိန်၌ KIA ဌာနချုပ်အနီးရှိ မုန်လိုင်ချက်ဒေသကို တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်စရာအ ကြောင်းမရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။

ထို့ပြင် မုန်လိုင်ချက်ဒေသ၌ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအပေါ် နစကအစိုးရအနေဖြင့် ဝမ်းနည်းရကြောင်းလည်း နစကပြောခွင့်ရက အသိပေးပြောကြားသည်။

လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားကြောင်းသိရပြီး NCA ကို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူများ၊ နိုင်ငံတကာမှ အသိသက်သေများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားနိုင်ငံသားများ လိုက်ပါလာသောလေယာဉ် အစ္စရေးနိုင်ငံ Tel Aviv မြို့မှ ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved