Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယားနိုင်ငံသားများ လိုက်ပါလာသောလေယာဉ် အစ္စရေးနိုင်ငံ Tel Aviv မြို့မှ ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော

Pika (NSS) - အောက်တိုဘာ ၁၁ 

အောက်တိုဘာလ(၇)ရက်က အစ္စရေးနှင့် ဟားမက်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ(၁၁)ရက်တွင် တောင်ကိုရီးယားနိုင်ငံသား(၁၉၂)ဦးလိုက်ပါလာသော လေယာဉ်သည် အစ္စရေး နိုင်ငံ Tel Aviv မြို့မှ ဆိုးလ်မြို့သို့  ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ 


ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စစ်သွေးကြွအဖွဲ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့မှုနှင့်အတူ လေကြောင်းခရီး သွားလာမှုများ ဆိုင်းငံ့ထားခဲ့ရပြီးနောက် တောင်ကိုရီးယားအစိုးရသည် ၎င်း၏ နိုင်ငံသားများကို အစ္စရေးနိုင်ငံ အတွင်းမှ ကယ်ထုတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံသား(၅၇ဝ)ဦးသည် အစ္စရေးနိုင်ငံတွင် ကာလရှည်ကြာနေထိုင်နေသည်ဟု ခန့်မှန်းရပြီး အခြားလူ (၂၃ဝ) ဝန်းကျင်မှာ ကာလတိုနေထိုင်ကြကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ (၁၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံ  Ben Gurion လေဆိပ်တွင် လူများ နှင့် ရှုပ်ထွေးနေကြောင်း Sukkot ပွဲတော်ကို ဆင်နွှဲရန်အတွက် အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် လေယာဉ်ပေါ်တွင်ပါလာသော အသက်(၆၂)နှစ်အရွယ် Jang Jeong-yoon က ပြောကြားခဲ့သည်။

၎င်းက "လေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းတာမျိုး (သို့မဟုတ်) နှောင့်နှေးနေမှုတွေကြောင့် စိုးရိမ်မှုတွေရှိခဲ့ ပြီး လူအများအပြားဟာ အစ္စရေးနိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာကြဖို့ လုပ်ဆောင်ခဲ့ကြပါတယ်" ဟု ပြောခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသော တောင်ကိုရီးယားနိုင်ငံသားများ၏ ဆွေမျိုးအချို့သည် အောက်တိုဘာလ (၁၁) ရက် နံနက်ပိုင်းတွင် အင်ချွန်းလေဆိပ်တွင် စောင့်ဆိုင်းနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။


ထို့အပြင် အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံသား(၆ဝ) ခန့်သည် အောက်တိုဘာလ (၁ဝ) ရက်တွင် ဂျော်ဒန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစ္စရေးတွင် ဖြစ်ပွားနေသော စစ်ပွဲအတွင်း တောင်ကိုရီးယားနိုင်ငံသားများ သေဆုံးခြင်းမျိုးမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးပါ့ခ်ဂျင် က ပြောကြားခဲ့သည်။

Korean Air လေကြောင်းလိုင်းသည် အောက်တိုဘာလ(၉)ရက် နှင့် (၁၁)ရက်တို့တွင် ဆိုးလ်မြို့မှ  Tel Aviv မြို့သို့ ထွက်ခွာမည့် လေကြောင်းလိုင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး လာမည့် အနာဂတ်တွင်လည်း ပုံမှန်ပျံသန်းခြင်းမျိုး ရှိတော့မည် မဟုတ်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားနေရမှုများကို လျှော့ချရန်စီစဉ်နေကြောင်း မလေးရှားအစိုးရ ပြော

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved