မန္တလေး၌ ဆိုင်ကယ်စီးလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
NSS - အောက်တိုဘာ ၁၁
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ရဲတပ်သားတစ်ဦးအား လက်နက်ကိုင်(၂)ဦးကသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်)၊ ညနေ ၆နာရီခွဲအချိန်တွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့(မြောက်ပြင်) ရပ်ကွက်၊ ၉ လမ်း၊ ၇၉ လမ်းနှင့် ၈၀ လမ်းကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမှတ်(၄)နယ်မြေရဲစခန်းမှ ရဲတပ်သား မိုးဆန်းဦးသည် ဆိုင်ကယ်ဖြင့် တာဝန်ကျရာရဲစခန်းသို့ပြန်လာစဉ် အထက်ပါလမ်းပေါ်အရောက်၌ လက်နက်ကိုင်(၂)ဦးမှ ဆိုင်ကယ်ဖြင့်နောက်မှလိုက်လာကာ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါ သတင်းအရင်းအ မြစ်များထံမှ သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား မိုးဆန်းဦးတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေတွင်းပိတ် ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ နစကအစိုးရလက်ထက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့်ရဲတပ်ဖွဲ့ဝင်ဦးရေသည် (၅၀၀)နီးပါးထိရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ခမ်းမြို့၌ မူကြိုအရွယ်ကလေးငယ်အား ပြန်ပေးဆွဲခဲ့သောအဖွဲ့ကို တအာင်းလက်နက် ကိုင်အဖွဲ့ TNLA က ပစ်ခတ်ဖမ်းဆီး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ