(၉)လအတွင်း ယာဉ်တိုက်မှုပေါင်း (၃၅၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ (၂၀၀၀)နီးပါး သေဆုံးခဲ့
စော(NSS) - အောက်တိုဘာ ၁၀
(၉)လအတွင်း ယာဉ်တိုက်မှုပေါင်း (၃၅၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ(၂၀၀၀)နီးပါးသေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၆၃၄)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၈၆၄)ဦးနှင့် ဒဏ်ရာရရှိသူ (၄၉၉၃)ဦး ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၆၄၁)ကြိမ်နှင့် သေဆုံးသူပေါင်း (၃၁၉)ဦးရှိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ(၇၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခင်နှစ် ၂၀၂၂ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၄၂၈၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၂၁၀၂)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုပေါင်း (၆၅၀)ကြိမ်လျော့ကျခဲ့ပြီး သေဆုံးသူအနေဖြင့် (၂၃၈)ဦး ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမတ်စ် - အစ္စရေး ပဋိပက္ခနှင့် ပါလက်စတိုင်း သမိုင်းနောက်ခံ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ