Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမတ်စ် - အစ္စရေး ပဋိပက္ခနှင့် ပါလက်စတိုင်း သမိုင်းနောက်ခံ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - အောက်တိုဘာ ၁ဝ

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲဖြစ်ရခြင်းကို ရှင်းလင်းစွာ သိနိုင်ဖို့အတွက် အဲဒီဒေသရဲ့ နောက်ခံသမိုင်းကြောင်းကို အတိုချုံး ရှင်းပြလိုပါတယ်။

ယခုဆောင်းပါးမှာ ဖော်ပြမယ့် "ပါလက်စတိုင်းဒေသ" ဆိုရာမှာ နိုင်ငံတစ်နိုင်ငံကို ဆိုလိုရင်း မဟုတ်ပဲ 

(၁) မျက်မှောက်ခေတ် အစ္စရေးနိုင်ငံ၊ 

(၂) ဂါဇာကမ်းမြှောင်ဒေသနဲ့ 

(၃) အနောက်ဘက်ကမ်း (ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း) တို့ ပါ၀င်တဲ့ ဒေသတစ်ခုလုံးကို သိမ်းကြုံးရည်ညွှန်းခြင်းသာဖြစ်ပါတယ်။ 

ဒေသတစ်ခုလုံးကို သုံးခုအဖြစ် ပိုင်းခြားပြောဆိုရခြင်းမှာလည်း အလယ်မှာ အစ္စရေးတောင်ပိုင်းဒေသခြားနားပြီး ဂါဇာနဲ့ အနောက်ဘက်ကမ်းတို့မှာ ဆွန်နီမွတ်စလင် ပါလက်စတိုင်းလူမျိုးများ နေထိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။ 

ပါလက်စတိုင်းဒေသ တစ်ခုလုံးဟာ မြန်မာနိုင်ငံဧရိယာရဲ့ ၃ ဒသမ ၂၄ ရာခိုင်နှုန်းသာ ကျယ် ၀န်းပါတယ်။ မြန်မာက လူဦးရေ ၅၆ သန်းကျော်ရှိပြီး အစ္စရေးနိုင်ငံအနေဖြင့် ၉ သန်းကျော်၊ ဂါဇာ ၂ သန်းခန့် နဲ့ အနောက်ဘက်ကမ်းမှာ ၃ သန်းဖြစ်တဲ့အတွက် ဒေသတစ်ခုလုံး စုစုပေါင်း လူဦးရေ ၁၅ သန်းခန့်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီဒေသနေသူတို့ရဲ့ ကွဲပြားခြားနားတဲ့ တောင်းဆိုချက်များကြောင့် ကမ္ဘာ့သွေး ထွက်သံယို အကြမ်းဖက်မှုအများဆုံး၊ အမြင့်ဆုံးတင်းမာမှုများနဲ့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ယမ်းအိုးကြီးသဖွယ် ဖြစ်နေရပါတယ်။ 

ပထဝီ၀င်အားဖြင့် Levant "လက်ဗင့်" ခေါ် မြေထဲပင်လယ်ကို မေးတင်လျက်ရှိတဲ့ အာရှတိုက်အနောက်ဖျားရဲ့တောင်ပိုင်းမှာ ပါ၀င်ပါတယ်။ ကမ္ဘာ့အစောဆုံး လူသားများနေထိုင်ရာဖြစ်ပြီး လက်ရှိ ကျွန်တော်တို့ မျက်မှောက်ခေတ် "စွမ်းလူ" တို့ဟာ အာဖရိကတိုက်မှနေပြီး ဥရောပနဲ့ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခြင်းမတိုင်မီ စိုက်ပျိုးရေးနဲ့ ယဉ်ကျေးမှုအထောက်အထားများကိုလည်း တွေ့ရှိရပါတယ်။

 ရှေးခေတ် အီဂျစ်လူမျိုးများအစ ဘေဘီလုံနဲ့ ရှေးဂရိ ရောမတို့အပါအ၀င် ဘိုင်ဇန်တိုင်၊ အာရပ်တို့အထိ လူမျိုးအသီးသီးတို့ရဲ့ ထိန်းချုပ်ရာနယ်မြေဖြစ်ခဲ့ရပါတယ်။ ဘီစီ ၁၁၀၀ ဒေသတွင်းမှာ ယနေ့ ပါလက်စတိုင်း ဖြစ်လာမယ့် ဖိလစ်စတင်းများနေရာမှာ အစ္စရေးဖြစ်လာမယ့် ရှေးဟောင်းဟီးဘရူးလူမျိုးများ ၀င်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။ 

ဘီစီ ၅၇၆ မှာ ဘေဘီလုံဘုရင်ကို စစ်ရှုံးပြီးနောက် ဒေသတွင်းမှ နှင်ထုတ်ခံခဲ့ရဖူးပေမယ့် ပြန်လည်၀င်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အေဒီ ၄ ရာစု ရောမဧကရာစ်ကွန်စတင်တိုင်းရဲ့ ခရစ် ယာန်ဘာသာကို မျက်နှာသာပေးခြင်းနဲ့အတူ ပါလက်စတိုင်းဒေသမှာ ဂျုးတို့ ဖိနှိပ်ညှင်းပန်းခံရပြီး ကမ္ဘာအရပ်ရပ်သို့ ထွက်ခွာခြင်းဖြင့် ဒေသတွင်း လူနည်းစုဖြစ်သွားရပါတယ်။ 

သမိုင်းတစ်လျှောက် မွန်ဂိုအပါအ၀င် အုပ်စိုးသူ အမျိုးမျိုးပြောင်းလဲခဲ့ရတဲ့ ပါလက်စတိုင်းဒေသကို ၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ်အတွင်း အော်တိုမန်တူရကီတို့လက်မှ ဗြိတိသျှတို့က ပြောင်းလဲရယူခဲ့ပါတယ်။ တရား၀င်ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိသူအဖြစ်မှ စွန့်လွှတ်လိုကြောင်း ဗြိတိသျှတို့က ၁၉၄၇ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ကြေညာခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှ ဂျူးလူမျိုးများလည်း ဇီယွန်ဝါဒကြောင့် ပါလက်စတိုင်းဒေသအတွင်း တဖွဲဖွဲရောက်ရှိနေကြပြီးဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ အကြံပြုချက် ၁၈၁ အပိုဒ် ၂ အရ ဂျေရုဆလင်ကို အပြည်ပြည်ဆိုင်ရာအဖြစ်သတ်မှတ်ပြီး ကျန်ပါလက်စတိုင်းဒေသကို ဂျုးနဲ့ အာရပ်ပြည် နယ်များအဖြစ် ခွဲဝေသတ်မှတ်ရန် တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂအကြံပြုချက်ကို ဂျူးတို့က လက်ခံပေမယ့် အာရပ်အဆင့်မြင့်ကော်မတီက ငြင်းပယ်ပါတယ်။ အုပ်ချုပ်စောင့်ရှောက်ခွင့်ရသူ ဗြိတိသျှစစ်တပ်များထွက်ခွာပြီး နောက်တစ်နေ့မှာ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာတဲ့ ဂျူးတို့ကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံ(၇)နိုင်ငံက ဝိုင်း၀န်းတိုက်ခိုက်ခြင်းဖြင့် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲဖြစ်ပွားရပါတော့တယ်။

အစ္စရေးနိုင်ငံ ထူထောင်ချိန်မှစတင်ပြီး အာရပ်တို့နဲ့ ၁၄ ကြိမ်တိုင်တိုင် အတိအလင်းစစ်ခင်းခဲ့ရပြီး အဲဒီအထဲမှာ ပါလက်စတိုင်းတို့နဲ့ ၆ ကြိမ်၊ မြောက်ပိုင်း အိမ်နီးချင်း လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးက ကျူးကျော်၀င်ရောက်ပြီး ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်တို့ကို တိုက်ခိုက်ခြင်း ၃ ကြိမ်ပါ၀င်ခဲ့တယ်လို့ Financial Times ( 7 October 2023) က ရေးသားပါတယ်။

စစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးဟာ ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်း၊ ရှီဘာလယ်ယာမြေများနဲ့ ဂိုလန်ကုန်းမြင့်တို့အထိ သိမ်းယူရရှိခဲ့ပါတယ်။ အဲဒီအရှိန်ဂယက်ကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအပေါ် ယနေ့တိုင် ထိခိုက်စေခဲ့ပါတယ်။ အပြင်းထန်ဆုံးသော စစ်ပွဲမှာ ၁၉၆၇ ခုနှစ် ဇွန်လ ၆ ရက်စစ်ပွဲဖြစ်ပြီး အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို သံဆူးကြိုးခတ်တံတိုင်းကာရံခြင်းဖြင့် ပါလက်စတိုင်းတို့ကို သီးခြားခွဲထုတ်ပစ်လိုက်ပါတယ်။ ပါလက်စတိုင်းတို့ကလည်း အနောက်ဘက်ကမ်း နဲ့ ဂါဇာကို ပူးပေါင်းပြီး ပါလက်စတိုင်းအမျိုးသားနိုင်ငံအဖြစ် ထူထောင်ကြောင်း ကြေညာခဲ့ရာ နိုင်ငံအချို့က ထောက်ခံပါတယ်။

အစ္စရေးအာရပ်တို့အကြား စစ်မက်ဖြစ်ပွားရခြင်းမှာ အချို့ထင်မှတ်မှားနေကြသလို ဘာသာရေးကြောင့် လုံး၀မဟုတ်ပါ။ ဇီယွန်ဝါဒ နဲ့ အာရပ်တို့အမျိုးသားရေးဝါဒတို့ တစ်ပြိုင်တည်း ထွန်းကားလာခြင်းကြောင့်သာဖြစ်ပါတယ်။ ဂျူးတို့ရဲဇာတိမြေ ပါလက်စတိုင်းဒေသမှာ အစ္စရေးနိုင်ငံထူထောင်ရေးဝါဒ နဲ့ အတ္တလန်တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာအထိတစ်ခုတည်းသောအာရပ်လူ့အဖွဲ့အစည်းထူထောင်ရေးဝါဒတို့ ထိပ်တိုက်တွေ့ကြရာမှ ပိုင်နက်ခိုင်မာရေးနယ်မြေလုကြခြင်းဖြစ်ပါတယ်။

ခရစ်ယာန်နဲ့ မွတ်စလင်တို့အကြား "ခရူးဆိတ်စစ်ပွဲ" နဲ့ “အာရပ်အစ္စရေးစစ်ပွဲ”တို့ဟာ အကြောင်းနောက်ခံမတူကြပါ။ ၁၀၉၅ ခုနှစ်မှ ၁၂၉၁ ခုနှစ်အထိ ရာစုနှစ် ၂ ခုနီးပါးကြာမြင့်တဲ့ ခရူးဆိတ်စစ်ပွဲမှာ မွတ်စလင်တို့ လက်အောက်ရောက်ရှိနေတဲ့ မြင့်မြတ်သော ဂျေရုဆလင်ကို ပြန်သိမ်းယူရေး၊ ဥရောပအရှေ့ပိုင်းသို့ အစ္စလာမ်ဘာသာဖြန့်ကျက်လာခြင်းကို တားဆီးရေးဖြစ်ပါတယ်။

လက်ရှိ ဂျေရုဆလင်ကို စိုးမိုးနေသူ အစ္စရေးတို့မှာ ခရစ်ယာန်များ မဟုတ်ပဲ ဂျူးဒစ်ဘာသာ ၀င်များ ဖြစ်နေပါတယ်။ ဂျုးဒစ်ဘာသာ-ခရစ်ယာန်နဲ့ အစ္စလာမ်တို့ဟာ အာဗြဟံကို ဘာသာရေးဖခင်အဖြစ်သတ်မှတ်ခြင်း၊ တစ်ဆူတည်းသော ဘုရားနဲ့ ကမ္ဘာကို ဘုရားသခင်က ဖန် ဆင်းကြောင်း သွန်သင်ရာမှာ တူညီကြပေမယ့် ခရစ်ယာန်တို့ရဲ လူသားဘုရားပုံစံကို ဂျူးဒစ်ဘာသာက ငြင်းပယ်ပါတယ်။ 

ပါလက်စတိုင်းကို ခရစ်ယာန်ဘာသာရဲအသိုက်အမြုံအဖြစ် မှတ်ယူကြခြင်းမှာ ယေရှုခရစ် တော်ဖွားမြင်ရာ နာဇရက်မြို့တည်ရှိနေလို့ဖြစ်ပါတယ်။ တကယ်တော့ ခရစ်ယာန်ဘာသာဟာ ဂျူးဘာသာ ဒုတိယဘုရားကျောင်းမှ မေရှိယဂိုဏ်းအဖြစ် ပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။

ဒီအတွက် ဂျေရုဆလင်ဟာ ဂျူးများအတွက်ရော ခရစ်ယာန်များအတွက်ပါ သန့်ရှင်းသောမြေဖြစ်နေပါတယ်။ တစ်ဖန် ဂျေရုဆလင်မြို့ဟောင်း အယ်လ်အက္ကဆာဗလီရဲ့ အမိုးခုံးပေါ်မှ တမန်တော်မိုဟာမက်ဟာ ကောင်းကင်ဘုံရှိ အလ္လာရှင်ထံသွားရောက်ပြီး ကိုရမ်ကျမ်းစာကို သင်ယူခဲ့တယ်လို့ အစ္စလာမ်ဘာသာ၀င်တို့ကလည်း ယုံကြည်ကြပါတယ်။ အာဗြဟံ၊ မောရှေ၊ သခင်ယေရှုနဲ့ အခြားသော တမန်တော်များကို ဝတ်ပြုဆုတောင်းရန် ဘုရားသခင်က ဦးဆောင်ခဲ့ရာအဖြစ် ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ၀င်တို့က အထွဋ်အမြတ်ထားရှိကြပါတယ်။ အယ်လ်အက္ကဆာဗလီ၀င်းအတွင်း ပါလက်စတိုင်းမွတ်စလင်များ ၀င်ရောက်ခွင့်ကန့်သတ်ခြင်း၊ တူးဖော်ရေးစီမံကိန်းများ ဆောင်ရွက်ခြင်း၊ အနီးအနားနေ ပါလက်စတိုင်းတို့ကို နှင်ထုတ်ခြင်းတို့ဟာ ပဋိပက္ခမှာ နာကျည်းဖွယ် တင်းမာမှုများဖြစ်လာရပါတယ်။

အာရပ်အမျိုးသားရေးဝါဒနဲ့ ဆက်နွယ်ပြီး အီရတ် ဖိုင်ဆယ်ဘုရင်နဲ့ ဆဒမ်ဟူစိန်၊ အီဂျစ်သမ္မတ နာဆာ၊ လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအချို့မှ အာရပ်ဆိုရှယ်လစ်ဘာ့သ် ပါတီတို့ဟာ ထင်ရှားပါတယ်။

ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်ပါလီမန်ကို သစ္စာခံတဲ့ ရှီယိုက်ပြည်သူ့စစ် ခေတ်မီလက်နက် ကိုင်များဖြစ်ပါတယ်။ ဟားမတ်စ်တို့ကတော့ မွတ်စလင်ဘရားသားဟုဒ်မှ ခွဲထွက်လာတဲ့ ဇီယွန်ဝါဒဆန့်ကျင်ရေး ဆွန်နီစစ်သွေးကြွများဖြစ်ပါတယ်။ ယာဆာအာရဖတ်နဲ့ ယှဉ်တွဲပြီး လူသိများတဲ့ “ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့" PLO ဟာ နိုင်ငံထူထောင်ရေးအတွက် အစ္စရေးကို ပတ်မှတ်ထားပြီး အစုအပုံလိုက်သတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်းတို့ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ၁၉၉၃ အော်စလို သဘောတူညီချက်အရ အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်မှုများကို စွန့်လွှတ်ခဲ့ပါတယ်။

ဟားမတ်စ်စစ်သွေးကြွတို့ဟာ ၂၀၀၆ ခုနှစ် ပါလက်စတိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဂါဇာကမ်းမြှောင်ဒေသကို အုပ်ချုပ်နေပါတယ်။ အမေရိကန်၊ အီးယူအပါအ၀င် ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြပေမယ့် နိုင်ငံဆုံးရှုံးထားရဲ့ အပယ်ခံလူနည်းစုအဖြစ် ဂရုဏာသက်တဲ့ နိုင်ငံများလည်း ရှိနေပါတယ်။ ဟားမတ်စ်တို့ကို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ကိစ္စဟာလည်း အောင်မြင်ခြင်း မရှိပါ။

တကယ်တော့ အစ္စရေးကိုယ်တိုင် အစိုးရအဆင့် ခွဲခြားဆက်ဆံရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဆန့်ကျင်ဘက်များအပေါ် တရားလက်လွတ်သတ်ဖြတ်မှုဖြင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း အကြိမ် ကြိမ် စွပ်စွဲခံထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-10 / 6:30 PM)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved