Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-10 / 6:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁ဝ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ဖို့ စင်္ကြန်လမ်းတစ်ခုတည်ထောင်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က "အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူ အညီတွေနဲ့ ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုနေတဲ့သူတွေကို ကူညီပေးနိုင်ဖို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ နဲ့ပတ်သက်တဲ့ စင်္ကြန်လမ်းတစ်ခုတည်ထောင်ပေးစေလိုတယ်" လို့ ပြောပါတယ်။ ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ်က ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့ထားတဲ့ အစ္စရေးနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဟာမက် နဲ့ အစ္စရေး ကြားဖြစ်ပွားနေတဲ့ နောက်ဆုံးစစ်ပွဲက လေဟာထဲက ပေါ်ပေါက်လာတာမျိုး မဟုတ်ကြောင်း၊ ဆယ်စုနှစ်နဲ့ချီပြီး သိမ်းပိုက်ထားတဲ့အခြေအနေများကို အဆုံးသတ်နိုင်ခြင်းမရှိတဲ့အတွက် စစ်ပွဲ ထပ်မံဖြစ်လာရခြင်းဖြစ်ကြောင်း ပြောပါတယ်။ 

ဟာမက်အဖွဲ့အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ အချိန်ကြာဖွယ်ရှိနေကြောင်း၊ ဟာမက်အဖွဲ့ဟာ အီရန်နိုင်ငံရဲ့ကြားခံအဖွဲ့အစည်းဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့တဲ့ ဟာမက်ရဲ့တိုက်ခိုက်မှုကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ အကြမ်းဖက်အုပ်စုရဲ့ခြိမ်းခြောက်မှုတွေကို အချိန်အတန်ကြာ စစ်ရေးဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက "ဟာမက်အဖွဲ့အပေါ် စစ်ရေးဆောင်ရွက်မှုတွေက အချိန်ယူရဖွယ်ရှိနေပါတယ်။ ရက်အနည်းငယ်နဲ့ ပြီးမှာမဟုတ်ဘူး" လို့ ပြောပါတယ်။

 ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲအတွင်း သိမ်းဆည်းရမိသော အမေရိကန် နဲ့ ဥရောပသမဂ္ဂနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများကို ပါလက်စတိုင်းလက်နက်အဖွဲ့ ဟာမက်ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေး အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟာမက်အဖွဲ့ဟာ အမေရိကန်ထုတ်လက်နက်များ အသုံးပြုနေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောဆိုပြီးနောက် မကြာမီ ယူကရိန်းထောက်လှမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ခဲတ့ာပါ။

အီရန်နိုင်ငံအနေနဲ့ ဟာမက်လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးကြားဖြစ်ပွားလျက်ရှိနေတဲ့ စစ်ပွဲတွင်ပါဝင်ခြင်းမလုပ် ဆောင်ဖို့ အမေရိကန်စစ်ဘက်က သတိပေးလိုက်ပါတယ်။ အမေရိကန်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် ကြီး Charles Q. Brownက "လက်ရှိအချိန်အထိတော့ အီရန်ဟာ စစ်ပွဲထဲမှာ တိုက်ရိုက်ပါလာတာမျိုး မရှိသေးဘူး။ ကျွန်တော်တို့ဟာ အီရန်နိုင်ငံကို ခိုင်မာတဲ့မက်ဆေ့တစ်ခုပေးလိုတယ်။ စစ်ပွဲကို ပိုမိုကျယ်ပြန်လာမှာ မလိုလားတဲ့ အတွက် အီရန်ကို စစ်ပွဲထဲမပါဖို့ သတိပေးလိုတယ်" လို့ ပြောပါတယ်။ 


အစ္စရေးစစ်တပ်က ပါလက်စတိုင်းအခြေစိုက် ဟာမက်လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ရာမှာ ဂါဇာဒေသရှိ လွှတ်တော်နဲ့ ဝန်ကြီးဌာနတွေကို တရားဝင်ပစ်မှတ်များအဖြစ် တိုက်ခိုက်ဖို့ လိုအပ်မယ်ရင် ထည့်သွင်းစဉ်းစားမယ် လို့ သတိပေးလိုက်ပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ရစ်ချက်ဟတ်က " လွှတ်တော် အဆောက်အဦးတွေ၊ ဝန်ကြီးဌာနရုံးတွေကနေ သေနတ်ပစ်ခတ်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင်တော့ အဲဒီနေရာ တွေဟာ ကျွန်တော်တို့ရဲ့စစ်ရေးပစ်မှတ်တွေဖြစ်လာမှာပါ။ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာမျိုးမလုပ်ဘူးဆိုရင်တော့ အဲဒီနေရာတွေက စစ်ရေးပစ်မှတ်ဖြစ်လာမှာမဟုတ်ဘူး" လို့ ပြောပါတယ်။ 


အစ္စရေးဟာ ပါလက်စတိုင်းလက်နက်အဖွဲ့ ဟာမက် နဲ့ စစ်ပွဲပြင်းထန်နေချိန်မှာပဲ ဥရောပတိုက်ရှိ အစ္စရေးစစ်သား တွေကို ပြန်လည်ခေါ်ယူဖို့ စစ်လေယာဉ်တွေစေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးသတင်းဌာနက "အစ္စရေး စစ်တပ်ဟာ C-130 နဲ့ C-130J အမျိုးအစားလေယာဉ်တွေကို ဥရောပတိုက်ရှိ နိုင်ငံအသီးသီးကို စေလွှတ်ခဲ့တယ်။ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ စေလွှတ်ခဲ့တာဖြစ်တယ်။ ဟာမက်နဲ့ဖြစ်နေတဲ့စစ်ပွဲမှာ ပါဝင်တိုက်ခိုက်စေဖို့ ပြန်ခေါ်ယူခဲ့တာပါ" လို့ ဖော်ပြထားပါတယ်။ 


အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၁၈၇ဝဝဝ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ အရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ နေရပ်စွန့်ခွာခဲ့ရသူ ၁၉ဝဝဝဝ ကျော်အနက် ၁၃၇၅ဝဝ ကျော်ဟာ ကုလသမဂ္ဂစာသင်ကျောင်းပေါင်း ၈၃ ခုမှာ စစ်ဘေးရှောင်နေထိုင်နေရကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းသံအမတ်ကြီးဟောင်းကို သတ်ခဲ့သည်ဟု ယူဆရသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved