Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းသံအမတ်ကြီးဟောင်းကို သတ်ခဲ့သည်ဟု ယူဆရသော မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

Pika (NSS) - အောက်တိုဘာ ၁ဝ 

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း Wichit Chitwiman အသတ်ခံရမှုနှင့်ဆက်စပ်ပြီး အသက်(၁၉)နှစ် အရွယ်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက်(၆၃)နှစ်အရွယ်ရှိ Wichit Chitwiman သည် ပြီးခဲ့သည့်သီတင်းပတ်က Chatuchak ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ Wichit Chitwiman ကို ဓါးဖြင့် ထိုးသတ်သွားသည့် တရားခံမှာ စိုင်းမြတ်မိုးအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ကြောင်း ရဲမှူးချုပ် Noppasilp Poonsawat က ပြောခဲ့သည်။


စိုင်းမြတ်မိုးသည် ယခင်က Wichit Chitwiman ၏ အလုပ်သမားအဖြစ် လုပ်ကိုင်ဖူးပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့ပုံပေါ်ကြောင်း Noppasilp Poonsawat က ပြောခဲ့သည်။

စိုင်းမြတ်မိုးကို ဖမ်းဆီးနိုင်ရန်အတွက် ထိုင်းရဲတပ်ဖွဲ့သည် အင်တာပိုလ်သတိပေးချက်ကို ထုတ်ပြန်နိုင်ရန် ကြိုးပမ်း နေကြောင်း သိရသည်။ Wichit Chitwiman ကို Vibhavadi Rangsit 20 လမ်းရှိ နေအိမ်တစ်ခုတွင် ရင်ဖက်မှာ ဓါးဒဏ်ရာသုံးချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားသည့်နေအိမ်တွင်ရှိသော မီးဖိုချောင်မှ ဓါးဟု ယူဆရသော သွေးစွန်းနေသည့် ဓါးနှစ်ချောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


Wichit Chitwiman သည် စက်တင်ဘာလ(၉)ရက်တွင် အဆိုပါနေအိမ်သို့ ပြောင်းရွှေ့ကာနေထိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ စိုင်းမြတ်မိုးသည် စက်တင်ဘာလ(၁၉)ရက်တွင် Wichit Chitwiman ထံမှာ စတင်အလုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ကိုယ်ရေးကိုယ်တာပစ္စည်းများ ဖုန်းများနှင့် tablet တို့အပါအဝင် အိမ်တွင်းရှိ ပစ္စည်းအချို့လည်း ပျောက်ဆုံးနေ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လူသတ်မှုများ လုပ်ဆောင်ပြီးနောက် စိုင်းမြတ်မိုးသည် ဈေးဝယ်စင်တာတစ်ခုရှိ ATM စက်မှ ပိုက်ဆံတစ်သန်း အောက်ပမာဏကို ထုတ်ယူသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။ စိုင်းမြတ်မိုးသည် ငွေထုတ်ယူပြီးကတည်းက လက်ရှိအချိန်ထိ ပျောက်ဆုံးနေကြောင်း Bangkok Post သတင်းဌာနက ဖော်ပြခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဖဂန်နစ္စတန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ(၂၅ဝဝ)နီးပါးထိ မြင့်တက်လာ

RELATED POSTS
RECENT POSTS
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved