Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ(၂၅ဝဝ)နီးပါးထိ မြင့်တက်လာ

Pika (NSS) - အောက်တိုဘာ ၁ဝ 

အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာလ(၇)ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေမှာ (၂၄၄၅)ဦးထိ မြင့်တက်လာခဲ့ပြီး အခြားလူ(၉၂ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် Herat ပြည်နယ် Zanda Jan ခရိုင်ရှိ ရွာပေါင်း(၁၃)ရွာမှာ လုံးဝပြိုကျပျက်စီးသွား ခဲ့ပြီး အပျက်အစီးများအောက်တွင် လူအများအပြားပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်အာဏာပိုင်များသည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ကူညီကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့ တစ်ဒါဇင်ခန့်ကို ဖြန့်ကျက်ချထားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။


သို့သော်လည်း စက်ပစ္စည်းကိရိယာများ နည်းပါးခြင်းကြောင့် ဒေသခံပြည်သူများနှင့် ရှာဖွေကယ်ဆယ်ရေးသမား များသည် သေဆုံးသူများ (သို့မဟုတ်) အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်အတွက် လက်ဖြင့်သာ တူးခဲ့ရမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။

Save the Children အဖွဲ့အစည်း၏ အာဖဂန်နစ္စတန်ဒါရိုက်တာ Arshad Malik က "ဒီဖြစ်ရပ်ဆိုးကြောင့် သက်ရောက်မှုဒဏ်ခံခဲ့ရတဲ့လူအရေအတွက်က တကယ်ကိုများပြားပါတယ်။ Herat ပြည်နယ်မှာ လူအများအပြား ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက်က ထပ်တိုးလာနိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ရန်ပုံငွေတွေ ကူညီပေးဖို့ တောင်းခံထားပါတယ်။ အစားအသောက်တွေ၊ ဆေးဝါးတွေနဲ့ တဲအိမ်လေးတွေ ရရှိဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောခဲ့သည်။


အီရန်၏ လခြမ်းနီကြက်ခြေနီအသင်းသည် ရှာဖွေကယ်ဆယ်ရေးအဖွဲ့(၁ဝ)ဖွဲ့ နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို အာဖဂန်နစ္စတန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ပါကစ္စတန် နှင့် တရုတ်အစိုးရတို့သည် အရေးပေါ်လိုအပ်ချက်များကို အကဲဖြတ်နိုင်ရန်အတွက် အာဖဂန်နစ္စတန်အာဏာပိုင်များကို ဆက်သွယ်ခဲ့ကြောင်းလည်း သိရသည်။ 


အာဖဂန်နစ္စတန်နိုင်ငံတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လိုအပ်သောအကူအညီများ အားလုံးကို အပြည့်အဝကူညီပေးရန် အဆင်သင့်ရှိကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန် ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကစားသမားဘဝသက်တမ်းတစ်လျှောက် တွဲကစားခဲ့ဖူးသော အကောင်းဆုံးကစားသမားကို မန်စီးတီးနည်းပြ ထုတ်ဖော်ပြော

RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved