Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"စစ်ဖြစ်နေမှ အကျိုးဖြစ်ထွန်းမယ့်လူတွေကတော့ တိုင်းပြည်ငြိမ်းချမ်းသွားမှာကို တော်တော်လေး စိုးရိမ်နေကြမှာပေါ့" - (KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း) (သီးသန့်တွေ့ဆုံမေးမြန်းခြင်း)

Pearl (NSS) - အောက်တိုဘာ ၉

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အဖွဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံဆွေးနွေးမှုအပါအဝင် လက်ရှိ KNU အဖွဲ့အစည်း နှင့် ကရင်ပြည်သူလူထုအကြား သဘောထားအခြေအနေအမှန်များနှင့်ပတ်သက်၍ KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်းအား NP News ၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။    ။ ဖထီး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု ဖထီးကိုလာရောက်တွေ့ဆုံမေးမြန်းတဲ့ အကြောင်းအရင်းကတော့ ဖထီးတို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ကသွားတွေ့တယ်။ တွေ့တဲ့အခါမှာ ဘာပဲပြောပြောနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ ကျွန်တော်တို့လည်း ကြည့်ပြီးတော့ စိတ်လည်းချမ်းသာတယ်။ ဖထီးတို့ရော သူနဲ့တွေ့ဆုံတဲ့အခါမှာ ဘယ်အချက်တွေ အဓိကပြောခဲ့တာရှိမလဲပေါ့။  ဘာတွေများ အဓိကပြောခဲ့တာ ရှိမလဲပေါ့။ အဲဒါလေး သိချင်လို့ပါ။ 

ဖြေ။    ။ အဓိကပြောသွားတဲ့ အချက်တွေထဲမှာ  ကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းကို ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့အတွက်  အဲဒီကိစ္စပဲပြောဆိုသွားတာရှိပါတယ်။  သူတို့လည်းပဲ  ဒီနိုင်ငံ၊ ဒီပြည် ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်လို့ပဲ  ကျွန်တော့်အနေနဲ့သုံးသပ်လို့ရတယ်။ သူလည်းပဲ ငြိမ်းချမ်းချင်တယ်။ ကျွန်တော်တို့လည်းပဲ ငြိမ်းချမ်းချင်တဲ့အပေါ်မှာ ငြိမ်းချမ်းအောင် ဘယ်လိုရှေ့ဆက်ဆောင်ရွက်ကြမလဲဆိုတဲ့ဟာကို အကျေအလည် ဆွေးနွေးဖို့တော့ လိုအပ်တယ်။  ဒီတွေ့ဆုံမှုမှာ  ကျွန်တော်တို့ ဥက္ကဋ္ဌကြီးကနေပြီးတော့မှ ယခင် သူ NCA လက်မှတ်ရေးထိုးခဲ့စဉ်တုန်းက  မိတ်ဆွေတွေကို လာ‌ရောက်နှုတ်ဆက်တဲ့အပေါ်မှာ တွေ့ဆုံခြင်းဖြစ်တဲ့အတွက် အဲဒါကို အခြေခံပြီးတော့မှ ရှေ့ဆက် ကိုယ့်တိုင်းပြည်ထဲမှာလည်းပဲ ငြိမ်းချမ်းမှုကို  အပြည်အဝမရရှိသေးတဲ့အပေါ်မှာ  ငြိမ်းချမ်းဖို့အတွက် ဘယ်လိုမျိုး ဆောင်ရွက်သင့်လဲဆိုတဲ့ အခြေခံအချက်လေးတွေတော့ ကျွန်တော်တို့ရရှိခဲ့တယ်လို့ပဲပြောရမှာပေါ့နော်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းချင်တဲ့အပေါ်မှာ ဒါကအခြေခံအကြောင်းတရား။ ငြိမ်းချမ်းမှုကို ငြိမ်းချမ်းလိုတဲ့လူတွေက ဆောင်ရွက်မှဘဲ ငြိမ်းချမ်းလာနိုင်မှာဖြစ်တဲ့အတွက် အဲဒါကြောင့်မလို့ ဒီငြိမ်းချမ်းချင်ကြတယ်လို့  ကျွန်တော်တို့ မြင်တာလောက်နဲ့ပဲ ကျွန်တော်တို့ အနေနဲ့ကတော့ ဒါတစ်ဆင့်တော့ ကျေနပ်မှုရရှိတယ်လို့ ပြောရမှာပေါ့။  

မေး။    ။ဟုတ်ကဲ့။ ဖထီးတို့ ဒီလာတွေ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နောက်တစ်နေ့မှာတော့ KNU က ထုတ်ပြန်ချက် တစ်စောင်ထုတ်တာတွေ့ရတယ်။ KNU ရဲ့ တာဝန်ရှိသူတွေလည်း  ထွက်ပြောလာတာတွေ့ရတယ်။ ဒီထုတ်ပြန်ချက်ထဲမှာတော့ အဓိကပထမဆုံးတစ်ချက်ကတော့ KNU နဲ့ ဖထီးတို့အဖွဲ့ကို မသက်ဆိုင်ဘူးလို့ စပြောတာတွေ့ရတယ်။  ဆိုတော့ အဲဒီအပေါ်မှာရော ဖထီးတို့ ဘာများစပြီး ပြောပြချင်တာ ရှိမလဲ။ 

ဖြေ။    ။ ဟုတ်ပါတယ်။  ဒါကလည်းပဲ သူတို့ KNU အစည်းအရုံးအနေနဲ့ ပြောရမယ်ဆိုရင် သူတို့အမြင်ကိုး။ ဒါကတော့ KNU နဲ့ မပတ်သက်ဘူးပေါ့။ ဥက္ကဋ္ဌကြီးကလည်းပဲ သူကအငြိမ်းစားဖြစ်ပြီ။ ကျွန်တော်လည်းပဲ နားခွင့်တောင်းထားတဲ့လူ တစ်ယောက်ဖြစ်တဲ့အပေါ်မှာ ဒါကမသက်ဆိုင်။ သူတို့ဆီကနေပြီး ခွင့်ပြုချက်ရယူပြီးတော့မှ လာရောက်တာမဟုတ်တဲ့ အတွက်  ဒါဟာသူတို့နဲ့ မသက်ဆိုင်ဘူးလို့ ပြောရင်ရပါတယ် ။ 

မေး။    ။ ဟုတ်ကဲ့။ အဲဒီတော့ သူတို့က  ဒီတွေ့ဆုံမှုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့  ကရင်တိုင်းရင်းသားတွေကြားမှာ  တိုင်းရင်းသားတွေကြားမှာ ခေါ်ပြီးတော့ သပ်လျှိုမှုလုပ်ပါတယ်ဆိုတာမျိုးတွေ ရည်ရွယ်ချက်နဲ့ မီဒီယာတွေမှာ ဖြေတာတွေလည်းတွေ့ရတယ်။ ဆိုတော့ ဒီတွေ့ဆုံမှုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  က ခေါ် လို့တွေ့တာလား။ ဖထီးတို့က လာတွေ့တာလား။ ဘယ်လိုပုံစံမျိုးနဲ့ တွေ့ဆုံမှုဖြစ်ခဲ့လဲ ပြောလို့ရမလား။ 

ဖြေ။    ။ ဗိုလ်ချုပ်မှူးကြီးကလည်းပဲ  ကျွန်တော်တို့ ဥက္ကဋ္ဌကိုတွေ့ချင်ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်းပဲ သူ့ကို တွေ့ချင်ပါတယ်။  အရင်တစ်ချိန်တုန်းက တာဝန်ရှိခဲ့တဲ့အချိန်မှာတုန်းက  အဖွဲ့အစည်းရဲ့ အများစုရဲ့ ဆန္ဒကိုလိုက်လျောပြီး ‌ဆောင်ရွက်ရတဲ့အပေါ်မှာ  မတွေ့ဆုံဖြစ်ခဲ့တာပါ။  သူ့တစ်ဦးတစ်ယောက်ရဲ့ဆန္ဒ အနေနဲ့ဆိုရင်  ဗိုလ်ချုပ်မှူးကြီးကို တွေ့ချင်ပါတယ်။  အဲဒါကြောင့်မို့ အခု သူကအပြင်လူတစ်ယောက်အနေနဲ့ ဖြစ်သွားပြီပေါ့။ အငြိမ်းစားယူပြီကိုး။ အဖွဲ့ အစည်းထဲမှာ ဘာမှ သူ့ကိုချုပ်နှောင်ထားတာမရှိတဲ့အပေါ်မှာ သူကလည်းလွတ်လွတ်လပ်လပ် သူ့ရဲ့မိတ်ဆွေ NCA လက်မှတ်ကို‌ ရေးထိုးခဲ့တဲ့ မိတ်ဆွေတွေကို လာရောက်တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဖြစ်သွားတာပေါ့။  အဲဒါကြောင့်မို့ သူတို့ နှစ်ဦးနှစ်ဖက်က တွေ့ဆုံလိုကြတာဖြစ်တဲ့အတွက် ဒါဟာ တွေ့ဆုံမှုတွေ ဖြစ်ပေါ်လာတာပေါ့နော်။ ဒီဟာတွေကလည်း တွေ့ဆုံခြင်းအားဖြင့် ဘယ်သူ့ကိုမှ အကျိုးမယုတ်စေပါဘူး။  အားလုံးအတွက် ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒ နဲ့ လာရောက်တွေ့ဆုံတဲ့ အပေါ်မှာ  အားလုံးအတွက် အကျိုးရှိသွားစေနိုင်ပါတယ်။ ဒါသပ်လျှိုတယ်လို့ပြောတာကတော့ ဒါကတော့  သူ့အမြင်နဲ့ သူပြောတာပါ။ အမှန်က  အားလုံးငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် ဒီတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖိုးမူတူးနဲ့ တွေ့ရုံလေးနဲ့ မပြီးပြည့်စုံသွားပါဘူး။  အားလုံးနဲ့တွေ့ဆုံဖို့ လိုအပ်ပါသေးတယ် ။ ဒါကြောင့်မို့ ဒါဟာသပ်လျိုတာမဟုတ်ပါဘူး။ ဒါဟာ ဘယ်လိုမျိုးတိုင်းပြည်ကိုငြိမ်းချမ်းအောင်ဆောင်ရွက်ကြမလဲ။  ဒါဟာ ပြောဆိုခြင်းနဲ့ပဲ လမ်းစတွေပေါ်လာပါလိမ့်မယ်။ နောက်ထပ်အဆင့်တွေမှာဆိုရင်  အားလုံးဟာ ပါဝင်နိုင်တဲ့ အခြေအနေမျိုးတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်လို့ပဲ ကျွန်တော့်အနေနဲ့ မြင်တယ်။ ဒါနှစ်ဦးနှစ်ဖက်လုံးက စိတ်ရင်စေတနာမှန်နဲ့ ‌ဆောင်ရွက်နေကြတယ်လို့ပဲ ကျွန်တော်မြင်တယ်။  ပြီးတော့လည်းပဲ  ဒီတိုင်းရင်းသားအချင်းချင်းသော်လည်းကောင်း တိုင်းရင်းသားနဲ့ ကျွန်တော်တို့တပ်မတော်ကြားမှာ သော်လည်းကောင်း ကျွန်တော်တို့ သူတို့ဘက်ကပြောဆိုမှုကိုကြည့်ခြင်းအားဖြင့် သပ်လျှိုမှုတွေလုံးဝမဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။  

မေး။    ။ ဟုတ်ကဲ့။ ဒီ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာတွေ့တာတော့ သူတို့ဟာ ၂၁ အခင်းအကျင်း ဖြစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်ဘူးတဲ့။  ဒါကြောင့် ဆွေးနွေးစရာ အကြောင်း လုံးဝမရှိဘူးပေါ့။ KNU အနေနဲ့  လုံးဝဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ပြောရင်  ဒါ KNU ရဲ့ သဘောထားလား။ ကရင်ပြည်သူလူထုရဲ့ သဘောထားလား။ ဘယ်လိုမြင်လဲ ခင်ဗျ။ 

ဖြေ။    ။ ဒါ စစ်တပ် အခုလက်ရှိ စစ်တပ်က ဒီနိုင်ငံတော်ရဲ့ အာဏာအချုပ်အခြာအာဏာပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင် ဒီအာဏာသုံးရပ်စလုံးကို တပ်မတော်ကနေ  ထိန်းချုပ်ထားတဲ့သ‌ဘောဖြစ်တယ်။  အဲဒီအပေါ်မှာ ကြည့်မယ်ဆိုရင် ဒီလူတွေနဲ့ ဒီနိုင်ငံအတွက်  ဆောင်ရွက်လိုတဲ့လူတွေကတော့ ဒီတပ်မတော်နဲ့မတွေ့ဘဲနဲ့ ဘယ်လိုမှဆောင်ရွက်လို့ အခွင့်မသာနိုင်ပါဘူး။  ဒီတော့ပိုမိုပြီးတော့ပေါ့ ဒီလိုမျိုးညှိနှိုင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင် ပိုပြီးတော့အလှမ်းဝေးသွားပြီး  အကျိုးယုတ်သွားစေနိုင်တဲ့ အခြေအနေမျိုးပဲဖြစ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်။  ကျွန်တော်တစ်ယောက်အနေနဲ့ မြင်တာကတော့ "တွေ့သင့်တယ်"။ ပြီးတော့ ဒီတပ်မတော်ကလည်း  ယခင့် ယခင်ကတည်းက ရှိထားတဲ့ တပ်မတော်ဖြစ်တယ်။  ဒီ အာဏာသိမ်းလိုက်တာနဲ့ တပ်မတော်အစစ်  နိုင်ငံတော် တပ်မတော်မဟုတ်တော့ဘူးလို့ သွားပြောလို့ ကျွန်တော်ထင်တယ်  "မရဘူး"။ အဲဒီလိုမျိုးဘာဖြစ်လို့လဲဆိုတော့ ဒီတပ်မတော်၊ ဒီတပ်က အရင် NLD အစိုးရလက်ထက်တုန်းကလည်း  ဒီတပ်မတော်ပဲ။  အခုလည်းပဲ အာဏာကိုအခြေအနေတစ်ခုပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံရဲ့ အာဏာကို  ထိန်းချုပ်လိုက်ပေမယ့်လည်း  ဒီတပ်မတော်က ဒီတပ်မတော်ပဲ။ ဒါကြောင့်မို့ တရားဝင်တာ၊ မဝင်တာ လူတွေရဲ့ သတ်မှတ်မှု အပေါ်မှာပဲတည်တာကိုး။ ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်နေဖြစ်နေ နိုင်ငံတော်ရဲ့တစ်ခုလုံး အချုပ်အခြာသုံးရပ်လုံးကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားမျိုးမှာ ဒီတပ်မတော်နဲ့ပဲစကားပြောဖို့လိုအပ်တယ်။  တစ်ခုလုံးကို နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောတဲ့လူရှိသလို၊ မထိန်းချုပ်နိုင်ဘူးပြောတဲ့လူလည်းရှိချင်ရှိမှာပဲ။ ဒါကသူတို့ အမြင်နဲ့ သူတို့ပြောတာ။  သို့ပေမယ့် လက်ရှိအခြေအနေက ကျွန်တော်တစ်ယောက်တည်း  မြင်တာကတော့ ဒီတပ်မတော်နဲ့ပဲ စကားပြောဖို့ လိုအပ်တယ်။  ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက်ဆိုလို့ရှိရင် သူတို့နဲ့ပဲ တိုင်ပင်ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ကြရမလဲ ဆိုတဲ့ အဖြေကိုရှာမှပဲ အဆင်ပြေနိုင်မယ်။  ကျွန်တော့်အနေနဲ့က အဲဒီလိုပဲ ပြောချင်တယ်။ 

မေး။    ။ ဟုတ်ကဲ့။  အဲဒီမှာ ဖထီးစောမူတူးစေးဖိုးဆိုလည်း ဒါ KNU ဥက္ကဋ္ဌမဟုတ်တော့ဘူး။ သူ ဥက္ကဋ္ဌကနေ နားလိုက်ပြီးပြီ။  အဲဒီတုန်းကတော့  KNU ဥက္ကဋ္ဌအနေနဲ့က ဗိုလ်ချုပ်မှူးကြီးနဲ့တွေ့ဖို့ ခက်တယ်။ KNU ရဲ့ သ‌ဘောထားကြောင့်လို့ပြောတယ်။  KNU ရဲ့ ဖွဲ့စည်းတဲ့သဘောထားကြောင့်တွေ့ဖို့ခက်တယ်ပေါ့နော်။ ဆိုတော့ သူက ဒါလွတ်လပ်သွားတဲ့သူ ဖြစ်တဲ့အတွက် ကြောင့် လာပြီးတွေ့လို့ရတယ်ပေါ့။ ဒီတော့ ကျွန်တော်အဲဒီမှာအဓိပ္ပါယ်ဖွင့်ချင်တာပေါ့နော်။  KNU ရဲ့ သဘောထား  နဲ့ ကရင်ပြည်သူလူထုရဲ့သဘောထားဆိုတာမျိုး ကျွန်တော်အဲဒီလိုခွဲခြမ်းမြင်လိုက်ချင်တယ်။  ဖထီးစောမူတူးစေးဖိုးက သူ့ရဲ့ လွတ်လပ်တဲ့ Free Role ပေါ့။  သူ့ရဲ့ လွတ်လွတ်လပ်လပ်  သွားလာပြောဆို ပိုင်ခွင့်ရှိတဲ့ဟာက KNU မှာက  အကန့်အသတ်ရှိပြီးတော့ သူဒီအတိုင်းအလွတ်တမ်းပြောတဲ့နေရာမှာ ပိုပြီးလွတ်လပ်ပြီးတော့ ပိုပြီးတော့လူထုရဲ့ သ‌ဘောထားဆန္ဒကို ပိုထင်ဟပ်စွာ အလုပ်လုပ်လို့ရတယ်လို့ ‌ပြောရင်ရမလား။ 

ဖြေ။    ။ အဲဒီလိုပြောလို့ရှိရင်ရပါတယ်။ အမှန်ပါ။ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားနဲ့ KNU ရဲ့ သဘောထားနဲ့ ကရင်တစ်မျိုးသားလုံးရဲ့ သဘောထားဆန္ဒကတော့တစ်ထပ်တည်းဖြစ်မနေပါဘူး။  KNU ရဲ့ သဘောထားကျတော့ ကရင်တစ်မျိုးသားလုံးရဲ့ သဘောထားကို အခြေခံပြီးတော့ပြောတယ်ဆိုပေမယ့်  ဒီ KNU ထဲမှာ ရှိနေတဲ့  ခေါင်းဆောင်တွေရဲ့  သဘောထားအမြင်တွေနဲ့လည်း သွားပြီးတော့ ဆက်စပ်ဆက်နွယ်နေတယ်လို့ပြောရမယ်။ ဒါကြောင့်မို့ KNU အစည်းအရုံးကို ဦးစီးရှေ့ဆောင်နေတဲ့ ဦးဆောင်မှုပေးနေတဲ့လူပုဂ္ဂိုလ်ကလည်းပဲ  ဒီကရင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို ခြုံငုံပြီးတော့မှ ကိုယ်စားပြုမှု၊ တစ်မျိုးသားလုံးအတွက်ကို စဉ်းစားမှုတွေထဲမှာ တစ်မျိုးသားလုံးရဲ့ ဆန္ဒနဲ့တစ်ထပ်တည်းဖြစ်ချင်မှဖြစ်မယ်။ သူ့ရဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ သွားပြီးတော့ ဆက်စပ်နေတဲ့ အပေါ်မှာ တစ်ခါတစ်လေကျတော့ သူတို့ရဲ့ တစ်ဦး တစ်ယောက်ရဲ့ဆန္ဒက  အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးသွားတဲ့ အပေါ်မှာ အများစု တစ်မျိုးသားလုံးရဲ့ ဆန္ဒနဲ့ သွားပြီးတော့ နည်းနည်း  ကွဲလွဲမှုတွေ ရှိတတ်တယ်လေ။  ဒါကြောင့်မို့ တစ်ထပ်တည်းဖြစ်တယ်လို့၊  တူညီနေတယ်လို့တော့  ပြောလို့မရဘူး။  ကွဲလွဲမှုတော့ ရှိကောင်းရှိလိမ့်မယ်။  အဲဒါကြောင့်မို့ အခု အဖိုးက အဖွဲ့အစည်းထဲမှာဆိုတော့ အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းဥပဒေနဲ့ ဆောင်ရွက်ရတဲ့အပေါ်မှာ ဒီအဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကို ထည့်သွင်းစည်းကမ်းအတိုင်း လိုက်နာပြီးတော့ ဆောင်ရွက်ရတဲ့အပေါ်မှာ မလွတ်လပ်တဲ့ သဘောရှိတာပေါ့။ သူတစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ကွဲလွဲတာတွေ ရှိတာပေါ့။ အဲဒီအပေါ်မှာ သူရဲ့အခုဆိုလို့ရှိရင် အဖွဲ့အစည်းထဲမှာ မရှိတဲ့အပေါ်မှာ သူအခုက ပိုပြီးလွတ်လပ်သွားတယ်လို့ ခံစား ရတယ်။ ခံစားရတာက အဲဒီအခြေခံအကြောင်းတွေကြောင့်ဖြစ်မယ်လို့  ကျွန်တော့်အနေနဲ့မြင်တယ်။  

မေး။    ။ ဟုတ်ကဲ့။  KNU  ရဲ့ ကြေညာချက်တစ်စောင်ထဲမှာ  အမှတ်စဉ် (၄)မှာဆိုရင်  ဖထီးတို့အဖွဲ့နဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံတဲ့အခါတဲ့ ဒါ KNU  ထဲမှာ ရှုပ်ထွေးမှုဖြစ်အောင်  လုပ်တဲ့လုပ်ရပ်ဖြစ်သလိုမျိုးပဲတဲ့။ ဖက်ဒရယ်ပြည် ထောင်စုအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အဖွဲ့တွေကြားမှာ နားလည်မှုလွဲအောင်လုပ်ဆောင်တဲ့ စစ်တပ်ရဲ့ အစီအစဉ် ဖြစ်တယ်ဆိုတာမျိုး သူတို့ကပြောတယ်။ ဆိုလိုတာကတော့ ဖထီးတို့ အဲဒီလိုတွေ့ဆုံတဲ့ တွေ့ဆုံမှုဟာ ဒီသူတို့ရဲ့ KNU  ထဲမှာ ရှုပ်ထွေးသွားအောင်လုပ်တယ်။ နောက်တစ်ခါ ဖက်ဒရယ်တည်ဆောက်မယ်ဆိုတဲ့ မဟာမိတ်အဖွဲ့ကြားထဲမှာ ရှုပ်ထွေးသွားအောင်  စစ်တပ်က ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ သူတို့ စွပ်စွဲထားတာတွေ့ရတယ်။ ဒီအချက်ကိုရော ဖထီး ဘယ်လိုမျိုးပြန်ပြောပြချင်လဲခင်ဗျ။

ဖြေ။    ။ အဖွဲ့အစည်းတိုင်းမှာတော့ သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူညီမှုတွေကတော့ ရှိနေမှာပဲ။ ကျွန်တော်တို့ အဖွဲ့မှာလည်းပဲ ဒီလိုမျိုးရှိနေပါတယ်။  အဖွဲ့အစည်းထဲမှာရှိနေတဲ့ အများကနေ သဘောတူညီမှုတစ်ခု ချထားပေမယ့်လည်း အဲဒီသဘောတူညီမှုဟာ အားလုံးရဲ့သဘောဆန္ဒထက် အများစုရဲ့သဘောဆန္ဒသာဖြစ်တယ်။ အဲဒါ မတူညီတဲ့လူတွေလည်း အများကြီးရှိပါတယ်။  အဲဒီမတူညီမှုတွေကြောင့် တဖက်က နားလည်မှုလွဲမှားအောင်လုပ်တာ၊ ဒီနားလည်မှုတွေ ရှုပ်ထွေးမှုတွေ  ပိုမိုပြီးတော့ဖြစ်စေတယ်ဆိုတာကတော့ ဒါကတော့ ကြည့်တဲ့လူရဲ့ အပေါ်မှာပဲ တည်တယ်။ ကြည့်တဲ့လူရဲ့  သဘောဆန္ဒအပေါ်မှာပဲ အမြင်ပေါ်မှာပဲသွားပြီးတည်တယ်။  ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အမြင်မှာ ဒီ သဘောထားကွဲလွဲမှုကို ကွဲလွဲတယ်လို့ ရှင်းရှင်းမပြောဆိုဘဲနဲ့ သဘောထားကွဲလွဲမှုကို အခြားသူတစ်ဦးတစ်ယောက်ရဲ့  ဝင်‌ရောက်ပြီးတော့ ကွဲလွဲ‌အောင်လုပ်နေတယ်လို့သွားပြီးတော့ အခြားပြင်ပလူတွေကိုသွားပြီး စွပ်စွဲပြောဆိုတာကလည်းပဲ သိပ်ပြီးတော့ သဘာဝမကျဘူး။ ကွဲလွဲမှုကို ကိုယ်ကလည်း ကွဲလွဲသလိုမျိုး မြင်တတ်ဖို့လိုတယ်။  အခုဟာ ဒီကွဲလွဲနေတဲ့ အမြင်ရှိ နေတဲ့ဟာကို စုစည်းရမှာက အဖွဲ့အစည်းကို ဦးဆောင်မှုပေးနေတဲ့လူကသာလျှင် သူကဆောင်ရွက်ဖို့တာဝန်ရှိတယ်။ သူများအခြားလူတွေလာပြီးတော့ ကွဲလွဲအောင်လုပ်နေပါတယ်လို့ သွားပြီးတော့အပြစ်ရှာပြောတာကတော့ ဒါကတော့  သိပ်ပြီး သဘာဝမကျဘူးလို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။  ပြီးတော့ ဒီကွဲလွဲနေတဲ့အမြင်တွေက အဖွဲ့အစည်းအတွင်းမှာ သည်ပင်လျှင် ကွဲလွဲမှုရှိတယ်။  အဲဒီရှိတာအပြင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဖွဲ့တွေအများကြီးရှိတဲ့အပေါ်မှာ အခြား အဖွဲ့တွေနဲ့လည်းပဲ တစ်ထပ်တည်းတော့ဖြစ်မှာမဟုတ်ပါဘူး။  ကွဲလွဲမှုတွေကတော့ ရှိနေမှာပဲ။ ဒီကွဲလွဲမှုတွေဟာ ကျွန်တော်တို့ အဖွဲ့ကို ဦးဆောင်နေတဲ့လူတွေက ပြန်လည်ပြီးတော့ တူညီအောင်ဆောင်ရွက်ဖို့ပဲလိုတယ်။  အခြားလူတွေကို အပြစ်ရှာပြောဆိုခြင်းအားဖြင့် ဒီကွဲလွဲမှု ဒီမတူညီမှုတွေကို ပိုပြီးတော့ ထပ်မံကွဲလွဲသွားစေနိုင်တယ်။  ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲမြင်တယ်။  

မေး။    ။ ဟုတ်ကဲ့။   ကျွန်တော်တို့နားလည်သလောက် လှမ်းပြီးတော့ ကရင်ပြည်နယ်ကို ကြည့်မယ်ဆိုရင်  ဒီကရင်ပြည်နယ် အတွင်းမှာ KNU သဘောထားဆန္ဒက တင်းမာနေတာကိုတွေ့ရတယ်။  အခြားတဖက်မှာကတော့ ကရင်ပြည်ထဲမှာရှိတဲ့ ပြည်သူတွေ၊ ကရင်ပြည်သူတွေကတော့  ထွက်ပြေးတိမ်းရှောင်နေရတာတွေ ပိုများလာတယ်။  ဆိုတော့စစ်မက်ကို ဖန်တီးလေလေ ကရင်ပြည်သူလူထုတွေ မတည်မငြိမ်ဖြစ်လေလေဆိုတဲ့ဟာမျိုးကို လှမ်းမြင်ရတယ်။ ဆိုတော့ စစ်မတ်တွေကို ငြိမ်းချမ်းချင်တဲ့ ကရင်ပြည်သူလူထုက ဘယ်‌လောက်ရာခိုင်နှုန်းလောက်များ ဘယ်လောက်လောက်များ ရှိနေပြီးတော့ စစ်မက်တွေကို ထပ်ပြီးတော့မဖြစ်ဖြစ်အောင်ဖန်တီးနေတဲ့ သူကဘယ်လောက်များရှိလဲဆိုတာ အဲဒီလို  နှစ်ခုကွဲနေတာ ကိုတွေ့ရတယ်။  ဆိုတော့ ဖထီးတို့ ပြီးခဲ့တဲ့ တစ်လောက အဖိုးမူတူးတို့ဘာတို့ KNU တပ်မဟာ ၆ ထဲမှာ သွားတွေ့တာ တွေ့ရတယ်။  ဆိုတော့ အဲဒီကရင်လူထုရဲ့ သဘောထားအမှန်ကဘာလဲ။  တကယ်ပဲ စစ်တပ်နဲ့ရင်ဆိုင်တိုက်ပါလို့ KNU ကို သဘောထားဆန္ဒပေးပို့ကြတာလား။ ဒါမှမဟုတ် တိုက်ပွဲတွေရပ်ကြပါလို့ သူတို့ကပြောချင်တာလား။  သူတို့ Message က ဘာလဲ။

ဖြေ။    ။ ကျွန်တော်တို့ဒေသနေလူထုတွေကတော့ ငြိမ်းချမ်းချင်ကြတဲ့လူထုတွေချည်းပဲများပါတယ်။ အားလုံးက ငြိမ်းချမ်းစေလိုတယ်။  ဒါကြောင့်မို့ စစ်ဖြစ်တာကိုတော့မလိုလားပါဘူး ။ အရင်တုန်းကလည်း ဒီစစ်တွေက  ကရင်ပြည်သူတွေ လိုလားတာမဟုတ်ဘူး။  စစ်မဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ပဲ တောင်းဆိုနေကြပါတယ်။  တိုက်ပွဲမဖြစ်အောင် သူတို့တောင်းဆိုတယ်။  တိုက်ပွဲကိုလည်း ပေးမဖော်ချင်ကြပါဘူး။ လူထုအများစုက အဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာ ငြိမ်းချမ်းမှုကိုပဲ သူတို့သွားလိုတဲ့ပြည်သူတွေက အများစုပါ။  ပြီးတော့ ဒီလိုလူထုတွေက  ဆန္ဒရှိတယ်ဆိုပေမယ့် စစ်ပွဲဖြစ်ပေါ်လာအောင် အကြောင်းအမျိုးမျိုးပေါ့နော်။ စစ်ပွဲတွေက ဖြစ်လာခဲ့တာပဲ။ ဖြစ်လာနေပြီ။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းဖို့ အများစုက လူထုအများစုရဲ့ဆန္ဒပါ။ ငြိမ်းစေချင်တယ်။ စစ်ပွဲကိုရပ်စေချင်တယ်။ စစ်ပွဲတွေ နောက်ထပ် ပေးမဖြစ်စေချင်ဘူးပေါ့နော်။  အဲဒါက အများစုရဲ့ဆန္ဒပါ။ ဒါပေမယ့်နှစ်ရှည်လများ စစ်ပွဲတွေဖြစ်လာတဲ့အပေါ်မှာ စစ်ကြောင့်အကျိုးဖြစ်ထွန်းမှု သူတို့အတွက် အကျိုးရှိစေတဲ့ဟာတွေ။ စစ်ပွဲကို ဖန်တီးပြီးတော့မှ အကျိုးအမြတ်ရရှိအောင် လုပ်နေတဲ့ လူတစ်ချို့ရှိနေသလိုပဲလို့ ကျွန်တော့် အနေနဲ့  အဲဒီလိုမျိုးပဲ ပြောချင်တယ်။  ဘာဖြစ်လဲဆိုတော့ စစ်ကိုအမှီပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့လူတွေပေါ့နော်။ စစ်ကို အကြောင်းပြုပြီးတော့မှ သူတို့ရဲ့ အကျိုးစီးပွားပေါ့နော်။  သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား၊ ကျွန်တော်တို့အများပြည်သူရဲ့ အကျိုးစီပွား အကျိုးပေါ့၊ အေး အဲဒါစစ်ကြောင့် သူတို့ လူနည်းစုတွေ အချို့တွေက အကျိုးဖြစ်ထွန်းနေတာကိုး။ စစ်ကို  အကြောင်းပြုပြီးတော့မှ  အကျိုးဖြစ်ထွန်းတဲ့ လူတစ်ချို့ရှိတယ်။  အဲဒါ အနည်းစုပေါ့။ အေး အဲဒီလူတွေကတော့စစ်ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးလိုတဲ့ဆောင်ရွက်မှုကတော့ ရှိနေတယ်။  အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။  

မေး။    ။ ဟုတ်ကဲ့။   ဖထီး အဲဒီမှာလေ ကျွန်တော် တစ်ခုကောက်ချက်ချတာပေါ့။ KNU ရဲ့ လက်ရှိလှုပ်ရှားလုပ်‌‌ဆောင် ချက်တွေ၊ ထုတ်ပြန်ချက်တွေက ဒါဆိုရင် ကရင်ပြည်သူလူထု တစ်မျိုးသားလုံးကို လွှမ်းခြုံပြီးတော့ သူတို့ ကရင်ပြည်သူလူထု တစ်မျိုးသားလုံးရဲ့ သဘောထားနဲ့ တိုက်ရိုက်အချိုးကျနေခြင်းမရှိဘူးလို့ပြောရင် ကောက်ချက်ချမယ်ဆိုရင် ကောက်ချက်ချလို့ ရနိုင်လား။

ဖြေ။    ။ တချို့အချက်တွေမှာကတော့ မှန်တယ်လို့ပဲပြောရမှာ။ အခု တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ဒေသမှာ ဒီတိုက်ပွဲတွေဟာ အမှန်က လူထုတွေ တောင်းဆိုလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲမဟုတ်ဘူး။  တိုက်ပွဲဖြစ်အောင် မဖြစ် ဖြစ်အောင် ဆောင်ရွက်စေလိုတဲ့လူတွေရဲ့ ဆောင်ရွက်စေချင်တဲ့လူတွေရဲ့ ဆန္ဒနဲ့ အဲဒါ ရှေ့ဆောင်မှု၊ ညွှန်ကြားမှုပေးနေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ တချို့တလေ တိုက်ပွဲမှာ လူထုတွေက စစ်ပွဲကိုပေးမဖြစ်စေချင်ဘူး။  တိုက်ပွဲကိုလည်း ပေးမဖြစ်စေချင်ဘူး။ ပေးမဖြစ်ချင်ဘူး။ ကျွန်‌တော်သွားလေရာရာမှာ လူထုတွေရဲ့ဆန္ဒ လူထုတွေနဲ့ တွေ့ဆုံပြီးတော့ ပြောဆိုတယ်။  ပြောဆိုတော့ လူထုတွေက ဘယ်လူထုကမှ တိုက်ပွဲကို ပြန်ပြီးတော့ဖော်ပါ။ ဒီဗမာ့တပ်မ‌တော်ကို တခါတည်း အကုန်အစင် သုတ်သင်ရှင်းလင်း တိုက်ခိုက်ပစ်လိုက်ပါတောင်းဆိုတဲ့လူထုတွေကတော့ ကျွန်တော်မတွေ့ဘူး။ ဒါပေမယ့် ဒီလိုမျိုး စနစ်ပေါ့နော်။ စစ်ကိုဖြစ်စေတဲ့ စနစ်ကိုတော့ သူတို့မလိုချင်တာကတော့အမှန်ပဲ၊  သို့ပေမယ့် တိုက်ပွဲကိုတော့ သူတို့ မလိုချင်ပါဘူး။ ပေးမဖြစ်စေချင်ဘူးနော်။ ဒါစနစ်နဲ့ပဲသွားပြီးတော့ ဆက်စပ် ပြောဆိုရမှာဖြစ်တယ်။ သူတို့ ဒီစစ်ပွဲတွေဖြစ်မှဘဲ အကျိုးရှိစေတဲ့  အကျိုးဖြစ်ထွန်းနေတဲ့ လူတွေကျတော့ ဒီတိုက်ပွဲကို ဖြစ်မယ့်နည်းစနစ်ပေါ့၊ ဒါကိုကျင့်သုံးသွားမှာပဲ။  ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့ အဲဒီစနစ်ကို လူတွေကတော့ အားလုံးက မကြိုက်ဘူး။ အကျိုးရှိစေတဲ့လူတွေကျတော့  ကြိုက်ချင်ကြိုက်မှာပေါ့၊  အဲဒါကြောင့်မို့ ကျွန်‌တော်ကတော့ ပြည်သူလူထုတွေကတော့ ဒီတိုက်ပွဲတွေကိုမဖြစ်ထွန်းစေတဲ့၊ မဖြစ်စေချင်တဲ့အပေါ်မှာ တချို့တလေရဲ့သတင်းဖော်ပြချက်က လူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်း မဖြစ်ဘူးလို့ပဲ ကျွန်တော်မြင်ပါတယ်။  

မေး။    ။ နောက်ထပ် message လေးတစ်ခုပေါ့။ နှိုင်းယှဉ် ဥပမာလေးတစ်ခု ထပ်ပေးပါရစေ။ ဘာလဲဆို ဥပမာ ကျွန်တော့်အတွေးထဲမှာ ပေါ်လာတာပေါ့နော်။  စစ်တပ်ဟာ တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုကို ကိုယ်စားမပြုဘူးဆိုတဲ့စကား၊ နောက်တစ်ခုက NUG ဟာ တစ်နိုင်ငံလုံးရဲ့ ပြည်သူကို ကိုယ်စားမပြုဘူးဆိုတဲ့စကား၊ NLD ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုဘူးဆိုတဲ့စကား ဒီလိုစကားမျိုးသကဲ့သို့ KNU ဟာ ကရင်တစ်မျိုးသားလုံးအပေါ်မှာ လွှမ်းခြုံပြီး ကိုယ်စားမပြုနိုင်ပါဘူးလို့ ကောက်ချက်ပြန်ဆွဲမယ်ဆိုရင်ပေါ့ ဒါရောဖြစ်နိုင်လား။

ဖြေ။    ။ အေးပေါ့။ အဲဒီလိုမျိုး KNU စတင်ဖွဲ့စည်းကာစကတော့ တစ်မျိုးသားလုံးပေါ့နော်။ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့တာကတော့ အမှန်ပဲ။ သို့ပေမယ့် KNU အတွင်းထဲမှာ  တူညီတဲ့ သဘောထားတွေမရှိတဲ့အပေါ်မှာ သဘောထားတွေ ကွဲလွဲသွားတာပေါ့နော်။ အဖွဲ့အစည်းတွင်း သင်းကွဲတွေ ဖြစ်ပေါ်လာ တာပေါ့၊ နှစ်ရှည်လများ ဖြစ်လာတဲ့အပေါ် ပြန်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် အဆင့်ဆင့် KNU ကို ဦးဆောင်မှု ပေးနေတဲ့လူတွေက အဲဒီ သင်းကွဲပြဿနာကြောင့် ပြောရမယ်ဆိုလို့ရင် တစ်မျိုးသားလုံးကို ကိုယ်စားပြုနေတယ်လို့ ပြောလို့ရှိရင် ပြောရခက်တဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်။ ကျွန်တော် အဲဒီလောက်ပဲဖြေပါရစေ။ 

မေး။    ။ ဟုတ်ကဲ့။  KNU ရဲ့ မူလဗဟိုထုတ်ပြန်မှု၊ မူလစတင်ဖွဲ့စည်းတုန်းကတော့ KNU ရဲ့မူတွေက ကျွန်တော်လေ့လာကြည့်တဲ့အခါမှာ တကယ်ကိုပဲ အားကောင်းခဲ့တာတွေ့ရတယ်။ ကိုယ့်မူတွေကိုကတည်းက ကောင်းခဲ့တာ၊ ကရင့်အနာဂါတ်ကို  ကရင်တွေကပဲ ဆုံးဖြတ်ရမယ်ဆိုတာမျိုးတွေ စသဖြင့်ပေါ့လေ၊ ဒါမျိုးတွေရှိတယ်။ ဆိုတော့ အခုနောက်ပိုင်း KNU ရဲ့ ဒီမူလဖခင်ကြီးတွေ KNU ရဲ့ ဦးဆောင်ထူထောင်သူဖခင်ကြီးတွေနဲ့ လက်ရှိ လုပ်နေတဲ့လူတွေရဲ့ လုပ်ရပ်တွေက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်လာတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်တွေကို ကြည့်ရင်တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဖထီးတို့ အဲဒါကို ဘယ်လိုများပြောချင်မလဲခင်ဗျ။ ဖထီးတို့က ခေတ်အများကြီးကို ဖြတ်သန်းခဲ့တဲ့ လူတွေဆိုတော့လေ။

ဖြေ။    ။ အေး အဲဒါကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခုနက သဘောထားကွဲလွဲမှုကို အခြေခံပြီးတော့မှ  ဖြစ်လာတဲ့အကြောင်း အချက်တွေပဲလို့ကျွန်တော့်အနေနဲ့က မြင်ပါတယ်။  အဲဒါကလည်းပဲ  အခုလက်ရှိ ထုတ်ပြန်ကြေညာချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ကရင်အမျိုးသားထု တစ်ရပ်လုံးရဲ့ ဆန္ဒနဲ့လည်း တစ်ထပ်တည်း မဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလိုမျိုး ထုတ်ပြန်ချက်တွေဟာ  အမျိုးသားထုတစ်ရပ်လုံးရဲ့  အကျိုးစီးပွားကို  သွားပြီးတော့မှ  အခြေခံတဲ့ ထုတ်ပြန်ကြေညာချက်မျိုး မဟုတ်ဘူးလို့ပဲ ကျွန်တော်ကတော့ ဆိုချင်တယ်။ 

မေး။    ။ ဟုတ်ကဲ့ ။ KNU ရဲ့  ပြီးခဲ့တဲ့ ရက် ၁၀၀ ပေါ့။ KNU ရဲ့  ဥက္ကဋ္ဌအသစ်တတ်လာပြီး  ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောခဲ့တာရှိပါတယ်။ အတွင်းရေးမှူးတစ်ယောက်က ကိုယ်တိုင်ပြောခဲ့တာပေါ့နော်။ သူက ဘာပြောခဲ့လဲဆိုတော့ NCA စာချုပ်ပျက်ပြယ်ပြီဆိုတဲ့ စကားမျိုးကို သူက ပြောလိုက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ စာချုပ်ပျက်ပြယ်ပြီဆိုတာကို နှုတ်နဲ့ ပြောတာထက်စာရင်တရားဝင်စာထုတ်ရတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါ အသင်းအဖွဲ့ရဲ့မူဝါဒဖွဲ့စည်းပုံအရ စာထုတ်ရတယ်လို့ နားလည်ပါတယ်၊ ဒါမှ တရားဝင်ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဆိုတော့ ပါးစပ်ကနေပြောတာဆိုတာကတော့ ကျွန်‌တော်တို့ထင်တယ် ပါးစပ်နဲ့ပြောတာတော့ ကိုယ့်အထင်အမြင် ယူဆချက် ကိုယ့်ခံယူချက် ခံစားချက်ကို ပြောတာကိုကျွန်တော်တို့နားလည်ပါတယ်။ ဆိုတော့ NCA ကို ပျက်ပြယ်ပြီ လို့ အဲဒီလို နှုတ်ကနေ ထုတ်ပြောတာကို အကြိမ်ကြိမ်ပြောလာတာကို‌တွေ့ရတယ်။ ဆိုတော့ NCA စာချုပ်ဆိုတာ အဲဒီလိုမျိုး  ပါးစပ်ကနေ ပြောချင်တိုင်းပြော ၊ ပျက်ချင်တိုင်း ပျက်လို့ ရတဲ့ အရာလို့ ပြောလို့ရသလားပေါ့။  ဖထီးတို့ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင်။ 

ဖြေ။    ။ NCA စာချုပ်ဟာ ပြောရမယ်ဆိုရင် ကျွန်တော်လေ့လာမိသလောက်ပေါ့‌နော်။  ပြီးတော့  ပါလည်းပါဝင်ခဲ့ပါတယ်။ အစပျိုးဆောင်ရွက်စဉ်တုန်းက ကျွန်တော်တို့လည်းပဲ ပဏာမအဆင့်တွေ့ဆုံဆွေးနွေးမှုကအစပေါ့နော်။ NCA ဖြစ်ပေါ်လာတဲ့အထိ ပါဝင်ခဲ့တဲ့ အချို့နေရာတွေမှာလည်း ရှိခဲ့ပါတယ်။  အဲဒီသိရသလောက်ဆိုရင် ဒီလိုမျိုးစာချုပ်မျိုးဟာ ဗမာပြည်မှာ တကယ့် အပြည့်စုံဆုံးစာချုပ်လို့ ပြောလို့ရှိရင်မမှားဘူး။   ပြီးတော့ အနှစ်သာရအရှိဆုံး။ တိုင်းပြည်ရဲ့ အနာဂါတ် အတွက် ငြိမ်းချမ်းအောင်ဖော်ဆောင်ဖို့အတွက်ဆိုလို့ရှိရင်  တကယ့် တန်ဖိုးရှိဆုံးစာချုပ်တစ်ခုလို့ ကျွန်တော်မြင်တယ်။  ပြီးတော့ NCA စာချုပ်ချုပ်ခဲ့တဲ့ အချိန်မှာတုန်းကလည်းပဲ နိုင်ငံတကာရှေ့မှောက်မှာ ချုပ်ခဲ့တယ်။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်းပဲ မစုံညီသည့်တိုင်အောင်တောင်မှ  (၈)ခု ၊ (၁၀)ခု နောက်ထပ်  ဖြစ်ပေါ်လာတဲ့ အဆင့်အထိ အဖွဲ့အစည်း(၁၀)ခု  ပါဝင်ပြီးတော့ ချုပ်ဆိုလာခဲ့တဲ့ စာချုပ်ကြီးတစ်ခုဖြစ်တယ်။ အဲဒီအ‌ပေါ်မှာ ကျွန်တော်တို့ စာချုပ်ကို ဒီလိုမျိုးပဲ လက်လွတ်စပယ်  ပျက်ပြယ်ပြီလို့ သွားပြောလို့မရပါဘူး။  ဒီစာချုပ်ထဲမှာ ပါရှိတဲ့ အချက်တွေကလည်း တကယ့် နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေတဲ့အချက်တွေမို့လို့ ဒီလိုမျိုးလက်လွတ်စပယ် သူတို့အနေနဲ့ပျက်ပြယ်ပြီ ပြောတာကလည်းပဲ ကျွန်တော်တို့ ယခင်ချုပ်ဆိုခဲ့တဲ့  ကျွန်တော်တို့ ခေါင်းဆောင်တွေကိုလည်း စော်ကားရာ အလေးမထားရာ ရောက်ပါတယ်။ ပြီးတော့ စာချုပ်က တကယ့် ခေါင်းဆောင်ကြီးတွေ ချုပ်ဆိုထားတဲ့ဟာလည်းဖြစ်သလို  ပြီးတော့ နိုင်ငံထဲမှာရှိနေတဲ့ တကယ့်လွှတ်တော်ထဲကို တရားဝင်ဖြစ်‌စေဖို့အတွက် ဒါလွှတ်တော်ထဲမှာ အတည်ပြုပြီးတော့ ဥပဒေကဲ့သို့ တည်ခဲ့တည်ရှိခဲ့တဲ့စာချုပ်လည်းဖြစ်တယ်။ ဒီတော့ သူတို့ အခုလိုမျိုးလက်လွတ်စပယ် ဒီလိုမျိုးပြောဆိုတာ ထက် ဒီဥပဒေကဲ့သို့ တည်ရှိပြီးအတည်ပြုပြီး လွှတ်တော်ထဲမှာအတည်ပြုပြီး အချက်အလက်တွေအများကြီးပါခဲ့တဲ့ အပေါ်မှာ  ဒါဒီအတိုင်း လက်လွတ်စပယ် ပြောရုံနဲ့တော့ ပျက်ပြယ်မသွားနိုင်ပါဘူး။  သူတို့တစ်ဖက်ဖက်က ဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာချက်အနေနဲ့ သူတို့ထုတ်ခဲ့မယ်ဆိုရင်  တစ်မျိုးမြင်လို့ရပါတယ်။  ဒါက ဒီလိုမျိုး လွယ်လင့်တကူ အဲဒီလိုမျိုး ပျက်ပြယ်ကြောင်း ပြောရုံနဲ့တော့ ဒီစာချုပ်ဟာ ပျက်ပြယ်မသွားနိုင်ဘူးလို့  ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ 

မေး။    ။ အခုကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ ဖထီးတို့ ဗိုလ်ချုပ်မှူးကြီးနဲ့ သွားတွေ့ပြီးတဲ့ နောက်မှာ ဖထီးတို့  တွေ့တဲ့လူတွေ အကုန်လုံးကို ဒါက စစ်တပ်ဘက်တော်သားတွေ ဖြစ်ကုန်ပြီ။ တနည်းအားဖြင့် ကျွန်တော်တို့ ဒီဘက်ခေတ်အခေါ်ဆို စစ်တပ်ဘောမတွေဖြစ်ကုန်ပြီပေါ့၊ စသဖြင့် ဖထီးတို့ရဲ့ ‌ရှေ့မှာ တောက်လျှောက်လုပ်လာခဲ့တဲ့ တိုင်းပြည်အတွက် လုပ်လာခဲ့တဲ့ ကိုယ့်ဒေသလူမျိုးကောင်းကျိုးအတွက် လုပ်လာခဲ့တဲ့ ဟာတွေ အကုန်လုံးကို ချက်ချင်းနေ့ချင်းညချင်းမေ့ဖျောက်ပြီးတော့ ဒီလိုမျိုးစွပ်စွပ်စွဲစွဲတွေ ပြောဆိုလာတဲ့အခါ ဖထီးတို့ကိုယ်တိုင်ကရော တောက်လျှောက်လုပ်လာခဲ့တဲ့အခါကျတော့စိတ်ထဲမှာ တခါတလေကျတော့ ကရင်လူထုကို message ပေးချင်တာများ ပြန်ရှိလာသလားခင်ဗျ။

ဖြေ။    ။ ကျွန်တော်တို့ကို ဘောမလို့ပဲပြောပြော၊  တဖက်တပ်မတော်ရဲ့အလိုတော်ရိလို့ပဲ ပြောပြောပေါ့။ ကျွန်တော်တို့ကတော့  အများပြည်သူအတွက် ဆောင်ရွက်နေတဲ့အပေါ်မှာ  ကိုယ့်ကိုကိုယ် စိတ်ချတယ်။ တပ်မတော်အတွက် အကျိုးလည်း ရှိစေရမယ်။  ကိုယ့်ပြည်သူတွေ အတွက်လည်းပဲ အကျိုးရှိစေရမယ်ဆိုတဲ့ ကျွန်တော်တို့အဖြေကိုရှာတာပါ။ ပြီးတော့ နည်းလမ်းကိုရှာတာပါ။  အားလုံးအတွက် တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူတွေအားလုံးပေါ့နော်။ တပ်မတော်သားတွေလည်း ပါမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်သားကလည်း နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အစိုးရသည်လည်းပဲ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု။ ပြည်သူလည်းပဲ ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံအစိတ်အပိုင်းတွေ တစ်ခုချင်းစီ အကုန်လုံးပါပဲ။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့ အားလုံးအတွက်ပေါ့။ တပ်မတော်အတွက်ရော ပြည်သူတွေအတွက်ပါ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးအားလုံးပေါင်းဖို့အတွက် ကျွန်တော်တို့ရည်ရွယ်ပြီးမှ ဆောင်ရွက်တဲ့အပေါ်မှာ  ပြောဆိုတဲ့အပေါ်မှာ  ကျွန်တော်ကတော့ သူတို့ဘယ်လိုပဲ မြင်မြင်၊ ဘယ်လိုပဲပြောပြော  ကျွန်တော်တို့ စိတ်လုံတယ်။ ပြီးတော့ သူတို့ဘောမတယ်ပြောပေမယ့်လည်း ကျွန်တော်တို့ပြောဆိုတယ်။ အချင်းချင်းအပြန်အလှန်ပေါ့နော်။ သဘောတူ ညီမှုတစ်ခုရရှိနိုင်ဖို့အတွက်ဆိုလို့ရင် တစ်ယောက်နဲ့တစ်ယောက် စာနာစိတ်နဲ့  သူ့ဘက်ကိုယ့်ဘက် ချင့်ချိန်သုံးသပ် စဉ်းစားပြီးတော့မှ ပြောဆိုလာတဲ့စကားတွေအပေါ်မှာ ပြန်ကြည့်လိုက်ရင်  အသေးစိတ်ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ပြောတာ အကုန်လုံးက ပြန်လည်သင့်မြတ်ပြီးတော့ အားလုံးက အကျိုးရှိစေတဲ့ဟာကို ပြောဆိုကြတဲ့အပေါ်မှာ  ကျွန်တော်တို့ဟာ သူများဘာပြောပြောလေ၊ ဒါ ပြန်လည် သင့်မြတ်ဖို့အတွက် ပြောဆိုတယ်ဆိုတော့ နိုင်ငံအတွက်လည်း ကောင်းတယ်။ တခြားလူတွေအတွက်လည်းကောင်းတယ်။ သင့်သင့်မြတ်မြတ်ရှိမှပဲ ကျွန်တော်တို့ တပ်မတော် နဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သင့်သင့်မြတ်မြတ်ရှိမှပဲ ငြိမ်းချမ်းသွားမှာကိုး။ တည်ငြိမ်မှုတွေ ရရှိသွားမှာမိုလို့ သူများဘာပြောပြော ကျွန်တော်တို့က  သူတို့ကိုဘယ်လိုမှမမြင်ဘူး။ သူတို့ဘယ်လိုပဲ မြင်မြင် ကျွန်တော်တို့ကတော့ စိတ်သန့်သန့်ပဲ သဘောထားရှိတာပေါ့နော်။ စိတ်ထားရှိပါတယ်။ အဲဒီလိုပဲ ပြောချင်တယ်။

မေး။    ။ အဲဒီတော့  ဖထီးတို့အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့သွားတွေ့တာနဲ့ ပတ်သက်ပြီးတော့ KNU ရဲ့ထုတ်ပြန်ချက် ကို ကျွန်တော်တို့ ပြန်ပြီးကောက်ချက်ချကြည့်တယ်။ KNU က လက်ရှိ တာဝန်ယူထားသူတွေ အချို့က မီဒီယာမှာ ထွက်ပြောတာတွေ ခြုံငုံကြည့်လိုက်တဲ့အခါမှာ ကျွန်တော် နားလည်လိုက်တာ တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ဖထီးတို့ရဲ့  ဒီလိုမျိုးတိုင်းပြည်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေတာတွေကို သူတို့မှာ တော်တော်လေး ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံပေါ်တယ်။ ငြိမ်းချမ်းသွားမှာကို သူတို့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ပုံပေါ်တယ်နော်။ အဲဒီလို ကျွန်တော်တော့ ကောက်ချက်ချချင်တယ်။ အဲဒီလိုပြောရင် ရမလား။ သူတို့ တုန်လှုပ်နေတဲ့ပုံပေါ်ပါတယ် ခင်ဗျ။ 

ဖြေ။    ။ အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာ လူတွေ အမျိုးမျိုးပါတာကိုး။ တစ်ချို့တစ်လေကျတော့ တိုင်းပြည်ငြိမ်းချမ်းသွားတယ်ဆိုလို့ရှိရင် သူတို့ ဘာဖြစ်လို့ ထိတ်လန့်နေလဲ။  ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် အကျိုးစီးပွားနဲ့ သွားပြီးတော့ ဆက်စပ်နေမယ်။ စစ်ဖြစ်နေမှ အကျိုးဖြစ်ထွန်းမယ့်လူတွေကတော့ သူတို့ တော်တော်လေးကို စိုးရိမ်နေကြမှာပေါ့။ တကယ်တမ်းကျတော့ ငြိမ်းချမ်းမှပဲ ကောင်းတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှု ငြိမ်းချမ်းအောင် ဆောင်ရွက်နေမှုကိုတော့ သူတို့ထောက်ခံသွားမှာပါ။ 

မေး။    ။ ဟုတ်ကဲ့။ အဲဒီတော့ ကျွန်တော် နှိုင်းယှဉ်ပြစရာ တစ်ခု ပေါ်လာတယ်။ ဖထီးစောမူတူးစေးဖိုး ဥက္ကဋ္ဌ တာဝန်ယူ  ထားစဉ်  သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ကရင်ပြည်နယ်ရဲ့  ငြိမ်းချမ်းမှုမျိုးဟာ ကျွန်တော်တို့ အားလုံးတစ်တိုင်းပြည်လုံးက ဝိုင်းပြီးတော့  ကျေနပ်သဘောကျ ပီတိဖြစ်ရတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရအလွန်  ဒေါ်အောင်ဆန်းစုကြည်အစိုးရပြီးတော့နောက် ၂၀၂၁ အခင်းအကျင်းပေါ်လာတဲ့နောက်မှာ ကရင်ပြည်နယ်မှာ စစ်မီးတွေ တောက်ကုန်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဘေးကနေကြည့်ပြီးတော့ စိတ်မကောင်း ဖြစ်ရတယ်။ ဆိုတော့ အခု ဖထီးတို့ ကြိုးစားနေတာက ဦးသိန်းစိန်အစိုးရတုန်းက ကရင်ပြည်နယ် ငြိမ်းချမ်းခဲ့သလိုမျိုး ဖထီးစောမူတူးစေးဖိုး  ဦးဆောင်ဥက္ကဋ္ဌဖြစ်စဉ်က ကြိုးစားခဲ့သလိုမျိုးဘဝကို ပြန်ရောက်ဖို့ ကြိုးစားတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုလက်ရှိ  KNU ရဲ့ တာဝန်ရှိသူတွေကျတော့ အဲဒီဘဝကို ပြန်သွားမှာကိုစိုးရိမ်နေပုံရတယ်လို့ ကျွန်တော်တော့ ကောက်ချက်ချချင်ပါတယ်။ ဆိုတော့ ကရင်ပြည်သူလူထုကို အဲဒါကို ရှင်းလင်းတဲ့ Message ပေးလို့ရမလား။ မြန်မာတစ်နိုင်ငံလုံးကိုပေါ့။ 

ဖြေ။    ။ ကျွန်တော်တို့က ဒီနိုင်ငံနှစ်ရှည်လများ စစ်ဖြစ်လာတဲ့အပေါ်မှာ ပြည်သူတွေကလည်းဒုက္ခရောက်တယ်။ နိုင်ငံကလည်း ချွတ်ခြုံကျပြီးတော့မွဲပြာကျနေကုန်ပြီ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကတော့ ဒီစစ်ကို အတတ်နိုင်ဆုံး မြန်မြန်ပြီးစေချင်တယ်။ ရပ်စေချင်တာပေါ့နော်။ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရှောင်ရှားပြီးတော့မှ နိုင်ငံဖွံ့ဖြိုးတိုးတတ်ဖို့ အတွက် ဆောင်ရွက်ကြဖို့လိုအပ်နေပြီ။ ဒီတော့ ကျွန်တော်တို့က အဲဒီလိုမျိုးရည်ရွယ်ပြီးတော့ အစဉ်တစိုက်လုပ်ခဲ့တယ်။  ဒါကလည်းပဲ အစောနကတုန်းက ကျွန်တော် ပြောသလိုမျိုး ဒီနိုင်ငံ ငြိမ်းချမ်းအောင်ပေါ့နော်။ ဆောင်ရွက်သွားလိုစိတ်နဲ့ ဆောင်ရွက်တယ်။ အခု ခရီးစဉ်ဟာလည်းပဲ ပြောရမယ်ဆိုရင် အဲဒီရည်ရွယ်ချက်နဲ့ အစပျိုးလာခဲ့တာမဟုတ်ပေမယ့်လည်းပဲ ဆန္ဒက စိတ်ထဲမှာရှိတဲ့အပေါ်မှာ   ဒီလိုမျိုးလာခြင်းအားဖြင့် ငြိမ်းချမ်းမှုကို ပြည်တွင်းငြိမ်းချမ်းစေလိုတဲ့ဆန္ဒရှိတဲ့အပေါ်မှာ ဒီဆောင်ရွက်မှု ဒီလာရောက်တွေ့ဆုံမှုသည် ဒီငြိမ်းချမ်းအောင်ဖြစ်စေနိုင်တဲ့ လမ်းစဖြစ်သွားလောက်တဲ့ အနေအထားမျိုး ရောက်ရှိသွားစေနိုင်တာပေါ့နော်။  အဲဒီလိုမျိုးပဲကျွန်တော်တို့က ဆန္ဒကဒီလိုမျိုးငြိမ်းချမ်းအောင်ဆောင်ရွက်လိုနေတာကိုး။ ဒါကြောင့်မို့ ငြိမ်းချမ်းဖို့အတွက် အကျိုးဖြစ်စေတဲ့အပေါ်မှာ အကျိုးကိုလိုလားတဲ့ ငြိမ်းချမ်းစေလိုတဲ့ လူက ဝမ်းမြောက် ဝမ်းသာဖြစ်မယ်။ ခုနတုန်းက မငြိမ်းချမ်းဘဲနဲ့ မငြိမ်းချမ်းရင် သူတို့အတွက် ပိုပြီးတော့တောင် အကျိုးရှိစေတဲ့လူတွေကတော့ ကျွန်တော်တို့ကို အပြစ်အနေနဲ့ မြင်မှာပေါ့နော်။ အဲဒီလိုမျိုးပဲ ကျွန်တော်မြင်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့တော့ မေးခွန်းတော့ မဟုတ်ပါဘူး။ ဖထီးအနေနဲ့ရော  ဒီကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကရင်လူထုတစ်ရပ်လုံးကိုဖြစ်စေ၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အသီးသီးကိုဖြစ်စေ၊ မြန်မာနိုင်ငံသားအားလုံးကိုဖြစ်စေ ဖထီးတို့ရဲ့ တကယ့်ရင်ထဲကဆန္ဒနဲ့ ပြောချင်တဲ့ ဆန္ဒက ဘာများဖြစ်မလဲ ဒါလေးပြောပေးပါဦး။ 

ဖြေ။    ။ ကျွန်တော်တို့ ဒေသနေပြည်သူလူထုတွေကတော့ စစ်ကြောင့်ဆင်းရဲမွဲတေကုန်ပါပြီ။ ပြီးတော့လည်းပဲ စစ်ကြောင့်ဘဝပျက်နေကုန်ပြီလို့ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ဒီစစ်တွေကိုရပ်ပြီတော့မှ ဒီနိုင်ငံ ငြိမ်းချမ်းအောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိတယ်။ အဲဒီလိုမျိုးဖြစ်ပေါ်လာအောင်လည်း   ဆောင်ရွက်လိုစိတ်ရှိတယ်။  ဒီလို ကျွန်တော်တို့ချည်းပဲဆောင်ရွက်လို့မရတဲ့အပေါ်မှာ အများပြည်သူတွေအတူတကွပါဝင်ပြီးတော့မှ ဆောင်ရွက်ဖို့လိုအပ်တာ ပေါ့နော်။ အဲဒါ ကျွန်တော်တို့ ငြိမ်းချမ်းအောင်ဆောင်ရွက်နေတဲ့ ဦးဆောင်မှုပေးတဲ့ ရှေ့ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင် လူကြီးတွေရဲ့ ဆန္ဒအတိုင်းအတူတကွ လက်တွဲပြီးတော့ လုပ်ဆောင်ပါလို့တော့ ကျွန်တော် ဆန္ဒပြုချင်တယ်။ ပြီးတော့ ဒီနိုင်ငံကလည်းပဲ စစ်ကြောင့် ဒုက္ခရောက်နေပြီ။  စစ်ကြောင့် ပြည်သူလူထုတွေလည်းပဲ ဒုက္ခရောက်ရှိကုန်ပြီ။  ဘဝက နိမ့်သထက် နိမ့်ကျကုန်ပြီ။ တိုင်းတစ်ပါးကိုလည်း ထွက်ပြီးတော့မှ လုပ်ကိုင်စားသောက်နေရတဲ့ ဘဝလိုမျိုးဖြစ်နေပြီ။ ပြီးတော့ ဒီနိုင်ငံကလည်းပဲ အခြားကိုယ့်ထက် နိမ့်ကျတဲ့ နိုင်ငံတွေတောင်မှ ကိုယ့်ကို ကျော်လွန်ပြီးတော့  သာလွန်ပြီးတော့ နေနေ၊ ဖြစ်နေတဲ့အခြေအနေမျိုးရောက်ရှိနေပြီဖြစ်တဲ့အပေါ်မှာ ဒါကျွန်တော်တို့က ဒီစစ်ကိုရပ်ပြီးတော့ ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ဆောင်ဖို့ လိုတဲ့အပေါ်မှာ  အားလုံးအတူတကွ လုပ်ဖို့ပဲ လိုအပ်တယ်။ လိုလို့ပဲပြည်သူတွေ အတူတကွ ဆောင်ရွက်ဖို့ ဆန္ဒပြုပါတယ်။ 

မေး။    ။ ဟုတ်ကဲ့။ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ဖထီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။  ဖထီးပြောချင်တာရှိရင်လည်း ပြောပါ။ 

ဖြေ။    ။ ပြောစရာကတော့ ပြောရမယ့်ဟာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပြောဆိုမှုတွေက စိတ်ခံစားမှုနဲ့  တခါတလေပြောလို့ရှိရင်လည်းပဲ မသင့်တာတွေ ပါသွားမယ်။  ပြီးတော့လည်း စိတ်ခံစားမှု၊ စိတ်ထဲမှာရှိတဲ့ဟာတွေက ပြောရမယ်ဆိုလည်း ပြောလို့မထွက်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားမှာမိုလို့ နည်းနည်း စဉ်းစားပြီးတော့ ပြောရတာကိုး။ ဒါကြောင့်မို့ ဒါတွေကို ကျွန်တော်ကတော့ ဖြေနိုင်တဲ့အဆင့် ပြောနိုင်တဲ့အဆင့်လောက်နဲ့ပဲ ပြောသွားတာဖြစ်တယ်။  ပြည်သူတွေကတော့ ဒုက္ခရောက်နေပါပြီ။  ကျွန်တော်တို့ဒေသမှာဆိုရင်လည်းပဲ  စစ်ကြောင့် ပြောရမယ်ဆိုရင် ‌ပြေးရှောင်နေရတယ်။  အိုးအိမ်တွေလည်းပျက်တယ်။  ပြေးနေရတယ်ဆိုတော့ ရှိသမျှဟာတွေ အကုန်လုံး ပျက်စီး ယိုယွင်းကုန်တယ်။ အခုဆိုလို့ရှိရင် ကျေးရွာတွေ အများစုဟာ ကျွန်တော်တို့ အများစု ပြောရမှာပေါ့နော်။ စစ်ဖြစ်တဲ့နေရာတွေမှာပေါ့။ အဲဒါဆိုလို့ရှိရင် စစ်ဖြစ်တဲ့နေရာ ကျေးရွာလူထု အများစုကတော့ ဒုက္ခရောက်ကုန်ပြီ ဖြစ်တယ်။ ဒါကြောင့်မို့ရှေ့ဆက်  ဒီလို လူထုတွေ ကြုံတွေ့နေရတဲ့  အခက်အခဲတွေကနေ လွတ်ကင်းဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးပြန်လည်သင့်မြတ်အောင်ဆောင်ရွက်ဖို့လိုအပ်တယ်။ သင့်မြတ်ဖို့အတွက်လည်းပဲ ဒါတွေ့ဆုံမှုကိုဆောင်ရွက်ဖို့လိုတယ်။  တွေ့ဆုံကြပါလို့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း တောင်းဆိုချင်တာပေါ့နော်။ အဲဒါ ကျွန်တော့်ဘက်က ဆန္ဒပါ။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းသံအမတ်ကြီးဟောင်းကို နေအိမ်တွင် သေဆုံးလျက်တွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved