Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနိုင်ငံအပေါ် လုံခြုံရေးအရ ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ကတိပြု

ဂျန်ဇက် (NSS) - အောက်တိုဘာ ၈

အမေရိကန်သမ္မတက  ၎င်းတို့အနေနဲ့  အကြမ်းဖက်တိုက်ခိုက်မှုရင်ဆိုင်ရတဲ့ အစ္စရေးပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး အစ္စရေးနိုင်ငံအပေါ် လုံခြုံရေးအရ ကူညီထောက်ပံ့ပေးမှုတွေက ခိုင်မာမှုရှိပြီး ယိမ်းယိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အစ္စရေးနိုင်ငံအပေါ် ကြိုတင်သတိပေးချက်မရှိဘဲ ရော့ကဒ်ဒုံးကျည်များအပြင် မြေပြင်၊ ရေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး၊ စစ်ရေးအကူအညီများ ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ရေးအကူအညီပေးမှုနဲ့ပတ်သက်ပြီး အမေရိကန်စစ်ဘက်တာဝန်ရှိသူများနဲ့ အစ္စရေးစစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ဆွေးနွေးနေပြီး မကြာခင် အတိအကျသတင်းထုတ်ပြန်ဖွယ်ရှိနေပါတယ်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ကလည်း အစ္စရေးစစ်ဘက်က လိုအပ်တဲ့အရာများကို ရရှိနိုင်အောင် ကူညီထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက အစ္စရေးနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အခွင့်အရေးအရ ဟားမက်စ်အဖွဲ့တွေကို တိုက်ခိုက်ဖို့အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။


အမေရိကန်သမ္မတက အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုမှာ အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကိုပြောဖို့ အချိန်စောနေသေးကြောင်း ဒါပေမယ့် ဟားမက်စ်ဟာ အီရန်အပြင် အခြားအဖွဲ့အစည်းနိုင်ငံတွေကနေ ကူညီထောက်ပံ့မှုတွေ ရရှိခဲ့တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ထားပါတယ်။ ဒေါ်နယ်ထရမ့်က "ဟားမက်စ်အဖွဲ့ တိုက်ခိုက်မှုဟာ အရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့တယ်။ အစ္စရေးဟာ အင်အားသုံးပြီး ခုခံပိုင်ခွင့်ရှိပါတယ်။ အမေရိကန်ပြည်သူတွေရဲ့အခွန်ငွေတွေကို ဒီတိုက်ခိုက်မှုမှာ အစ္စရေးကို ကူညီထောက်ပံ့ပေးရမယ်" လို့ ပြောပါတယ်။ 

အမေရိကန်အစိုးရဟာ စဉ်းစားတွေဝေမှုများနေပြီး အစ္စရေးနိုင်ငံ တိုက်ခိုက်ခံရအောင် သွယ်ဝိုက်ကူညီပေးခဲ့ ကြောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဟားမက်စ်အဖွဲ့ကို ကူညီထောက်ပံ့ပေးနေတဲ့ အီရန်နိုင်ငံ နဲ့ အကျဉ်းသားလဲလှယ်မှုအစီအစဉ်အရ အီရန်နိုင်ငံက သိမ်းထားတဲ့ အမေရိကန်ဒေါ်လာ ၆ ဘီလျံကို ပြီးခဲ့တဲ့လမှာ အီရန်နိုင်ငံကို ပြန်လည်ထုတ်ယူခွင့်ပေးခဲ့တာကို ရည်ရွယ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်စစ်ဘေးရှောင်စခန်းတစ်ခု၌ မိုင်းတစ်လုံးအား ကလေးငယ်တစ်ချို့ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့

RELATED POSTS
RECENT POSTS
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိပါက (၁)နှစ်အလုပ်လုပ်ခွင့်ပေးမည်ဟုဆို
24 Oct 2024
BLACKPINK အဖွဲ့ဝင် Rose နဲ့ ဘရူနိုမားစ် တို့ရဲ့ "APT" က ၂၀၂၄ ခုနှစ်အတွင်း ကြည့်ရှုမှု သန်း (၁၀၀) အမြန်ဆုံးရရှိတဲ့ MV ဖြစ်လာ
24 Oct 2024
မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
23 Oct 2024
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved