ရခိုင်စစ်ဘေးရှောင်စခန်းတစ်ခု၌ မိုင်းတစ်လုံးအား ကလေးငယ်တစ်ချို့ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့
သန့်ဇင်(NSS) - အောက်တိုဘာ ၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်းတစ်ခု၌ မိုင်းတစ်လုံးအား ကလေးငယ်တစ်ချို့ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၈ရက်)၊ နံနက် ၁၀နာရီခွဲအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် ဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ သိရသလောက်ကတော့ ကလေးတွေမိုင်းနဲ့ ပစ်ပေါက်ကစားနေရင်းကနေဖြစ်တာလို့ သိရတယ်။ မိုင်းက ဘယ်က ရလာတာ လဲတော့ မသိဘူးတဲ့။ သူတို့ဆော့နေရင်းကနေ မိုင်းကပေါက်ကွဲသွားတာပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်ကလေးငယ် (၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကလေးတစ်ဦးက သေတယ်။ ကျန်ကလေး(၂)ဦးက ဒဏ်ရာတွေရတယ်။ ဒဏ်ရာရတဲ့ ကလေးတွေကတော့ စိုးရိမ်စရာတော့မရှိတော့ပါဘူး။ ခုတော့ ဆေးရုံပို့ထားကြပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူကလေးငယ်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးအား ယိုးတရုတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၂ဝဝဝ)ကျော် သေဆုံးကာ အခြားလူ(၉)ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ