မန်ယူအသင်းသည် ဂိုးသမားအိုနာနာနေရာတွင် အစားထိုးမှုများ လုပ်ဆောင်သင့်ကြောင်းဝေဖန်ပြောဆိုမှုများရှိနေ
Pika (NSS) - အောက်တိုဘာ ၇
မန်ယူအသင်းသည် ဂိုးသမားအန်ဒရေအိုနာနာ၏နေရာတွင် အစားထိုးမှုများ လုပ်ဆောင်သင့်ကြောင်း TNT Sports မှတ်ချက်ပေးသူ Chris Sutton က ဝန်ခံပြောဆိုခဲ့သည်။
ထို့ပြင် Chris Sutton သည် မန်ယူဂိုးသမားဟောင်း ဒီဂီယာနှင့် အိုနာနာတို့ကို နှိုင်းယှဉ်ပြောဆိုခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အိုနာနာသည် ၎င်း၏ကောင်းမွန် သော စွမ်းရည်များကြောင့် ဒီဂီယာနေရာတွင် အစားထိုးရန်အတွက် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းက ခေါ်ယူခြင်းကို ခံခဲ့ရကြောင်းသိရသည်။
မန်ယူအသင်းသည် အိုနာနာကို ပြောင်းရွှေ့ကြေးပေါင်(၄၈)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အိုနာနာသည် ပြီးခဲ့သည့်ကစားပွဲများတွင် အမှားများစွာပြုလုပ်ကာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၊ဂါလာတာဆာရေးတို့နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဂိုးသမားအိုနာနာနှင့် စကားပြောဆိုရန် လိုအပ်ပြီဖြစ်ကြောင်း မန်ယူနည်းပြတန်ဟက်ကဝန်ခံပြောဆိုခဲ့သည်။ မန်ယူအသင်းသည် ဒီဂီယာနေရာတွင် အိုနာနာကို အစားထိုးရန်အတွက် ငွေကြေးသုံးစွဲခြင်းဖြင့် အမှားကျူးလွန်ခဲ့သလားဆိုသည့်မေးခွန်းကို မှတ်ချက်ပေးသူ Chris Sutton က တုံ့ပြန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
၎င်းက "ဒါဟာ ဒီဂီယာကိုနှိမ့်ချလိုက်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒီဂီယာထက် အိုနာနာက ပိုကောင်းတယ်လို့ ထင်ကြပါသလား။ အိုနာနာဟာ ဒီရာသီမှာ အမှားများစွာလုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အိုနာနာဟာ ဂိုးမပေးရအောင် ကာကွယ်ရမယ့်နေရာမှာ အမှားများစွာ လုပ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အိုနာနာနေရာကို အစားထိုးဖို့ လုပ်ဆောင်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ပြောချင်တာက ဒီရာသီမှာ အစားထိုးဖို့မဟုတ်ပဲ ရာသီကုန်မှာ အိုနာနာကို အစားထိုးဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦးသေဆုံး