ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်ချုပ်တိုက်တွန်း
မျိုးကြီး (NSS) - အောက်တိုဘာ ၇
ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်ရန် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။
၎င်းက ယမန်နေ့(အောက်တိုဘာလ ၆ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း ခြင်း(၂)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခင်က မြန်မာနိုင်ငံတွင် ကမ်းခြေစောင့်တပ်ဖွဲ့မရှိသည့်အတွက် ပင်လယ်ပြင်နှင့် ရေ ကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း တပ်ချုပ်က ပြောသည်။
လက်ရှိအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှုအကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။
ထို့ပြင် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန်တာဝန်ရှိကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။
ဆက်လက်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့၏ (၂)နှစ်တာကာလအတွင်း ပိုင်နက်ပင်လယ်ပြင်၌ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုကြောင်းလည်း တပ်ချုပ်က ပြောသည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူလေ့လာကာ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတပ်ဖွဲ့ကို မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွား ရေးလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရန် နှင့် လူသားချင်းစာနာမှုအထောက်အကူပေးရေး လုပ်ငန်းများဆောင်ရွက်ရန် စသည့်ရည်မှန်းချက်တာဝန်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ကားလေး(၄)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အသက်(၂)နှစ်အရွယ် ကလေးငယ်အပါဝင်(၄)ဦးသေဆုံးခဲ့ပြီး လူ(၂၀)ကျော်ထိခိုက်ဒဏ်ရာရ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ