နယ်စပ်တံတိုင်းပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်နယ်ထရမ့်လက်ထက်က ဘဏ္ဍာငွေ ခွင့်ပြုချက်ကို အသုံးချမည်ဟု သမ္မတဘိုင်ဒန်ပြော
Htay Oung (NSS) - အောက်တိုဘာ ၇
တောင်တက္ကဆက်ပြည်နယ်ဆိုင်ရာ ဖက်ဒရယ်ဥပဒေ ၂၆ ခုကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ရခြင်းအပေါ် ခုခံကာကွယ်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မက္ကဆီကိုမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ရပ်တန့်ရေး အတားအဆီးများ တည်ဆောက်ဖို့အတွက် ဒေါ်နယ်ထရမ့်အစိုးရလက်ထက်က ရန်ပုံငွေကို အသုံးပြုဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလို့ ပြောကြားကြောင်း AP သတင်းအေဂျင်စီက အောက်တိုဘာ ၆ ရက်ကရေးသားပါတယ်။
ဒါပေမယ့် အဲဒီလို တံတိုင်းအတားအဆီးတွေက အလုပ်ဖြစ်မယ် ထင်သလားလို့ မေးမြန်းရာမှာတော့ “အလုပ်မဖြစ်ဘူး"လို့ သမ္မတဘိုင်ဒန်က ပြတ်ပြတ်တောင်းတောင်း ပြန်လည်ဖြေဆိုပါတယ်။
ဆောက်လုပ်ရေးအသစ်ကို စတင်မှာဖြစ်ကြောင်း ဇွန်လတွင် ကြေညာခဲ့တဲ့ ဂျိုးဘိုင်ဒန်အစိုးရဟာ လိုအပ်တဲ့ ဘဏ္ဍာငွေ ရရှိဖို့အတွက် ဒီမိုကရက်တစ်အစိုးရမတိုင်မီ ၂၀၁၉ ခုနှစ် ဥပဒေကို ပြန်လည်အသုံးပြုရန် ရည်ညွှန်းထားပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ကြိုးပမ်းချက်ကို ကွန်ဂရက်လွှတ်တော်က ငြင်းဆိုနေပါတယ်။ အဲဒီဘဏ္ဍာရေးခွင့်ပြုချက်ဟာ ၂၀၂၃ ခုနှစ်မှာ အပြီးသတ်တည်ဆောက်ရမယ့် နယ်စပ်တံတိုင်းအတွက် ဥပဒေအရ အသုံးပြုခွင့် ရှိနေတယ်လို့ ဘိုင်ဒန်အစိုးရက ဆင်ခြေပေးထားပါတယ်။
အစိုးရ ကိန်းဂဏန်းများအရ ယခုဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည် နယ်မှာ တရားမ၀င် ၀င်ရောက်မှုပေါင်း ၂၄၅,၀၀၀ ခန့်ကို မှတ်တမ်းတင်ထားပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ တက္ကဆက်ပြည်နယ်တောင်ပိုင်း လူ၀င်မှုကြီးကြပ်ရေးနဲ့ အမိမြေလုံခြုံရေးဌာန အရာရှိများရဲ့ ခိုး၀င်တားဆီးရေး ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချခြင်းခံခဲ့ရပါတယ်။
ရီပတ်ဘလစ်ကင် ထရမ့်အစိုးရလက်ထက် နယ်စပ်တံတိုင်း တည်ဆောက်မှုကို ဒီမိုကရက်တစ် ဘိုင်ဒန်အစိုးရလက်ထက်မှာ စွန့်လွှတ်ခဲ့ပါတယ်။ (ဒီအတွက် ခိုး၀င်တားဆီးရေး တင်း မာတဲ့ သဘောထားရှိသူ “ နိုင်ငံသား ဗဟိုပြု အမျိုးသားရေးဝါဒီ" “ ရီပတ်ဘလစ်ကင်" အုပ်ချုပ်ရေးမှူးနဲ့ အမတ်များက သမ္မတဘိုင်ဒန်ရဲ့ ရွှေ့ပြောင်းအခြေချသူများ အစီအစဉ်တွေမှာ ခိုး၀င်တွေကို ဒုတိယသမ္မတ ကင်မလာအဲရစ်ရဲ့ နေအိမ်ရှေ့ သွားသွန်တဲ့အထိ အရွဲ့တိုက် ဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့ရပါတယ်။)
ခိုး၀င်မှု အများဆုံးဖြစ်ပေါ်နေတဲ့ စတားကောင်တီမှာ နယ်စပ်တံတိုင်းတည်ဆောက်မှုကို ပြန်လည်စတင်ဖို့ အမေရိကန် အမ်ိမြေလုံခြုံရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်အတွက် ဘဏ္ဍာရေးခွင့်ပြုချက်ကို တံတိုင်းတည်ဆောက်ရာမှာ ထည့်သွင်းအသုံးပြုခဲ့ရင် သန့်ရှင်းလေထုအက်ဥပဒေ၊ ဘေးကင်း သောက်သုံးရေဆိုင်ရာ အက်ဥပဒေနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးမျိုးစိတ်များ ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေတို့အပေါ် ထိခိုက်နိုင်တယ်လို့ ကွန်ဂရက်လွှတ်တော်က ငြင်းဆိုနေပါတယ်။ ကွန်ဂရက်အမတ်များရဲ့ တားဆီးချက်ကို သူ့ရဲ့ ရာထူးသက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတရဲ့ အခွင့်အာဏာကို အသုံးပြုပြီး ကျော်လွှားဖို့ ဂျိုးဘိုင်ဒန်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီ ဘဏ္ဍာငွေ ပမာဏဟာ နယ်စပ်တံတိုင်း အပြီးသတ် တည်ဆောက်ဖို့အတွက် လုံလောက်ပါတယ်လို့ သမ္မတ ဘိုင်ဒန်က မှတ်ချက်ပေးပေမယ့် တရားမ၀င် ၀င်ရောက်နေတာတွေကို တားဆီးနိုင်မှာ မဟုတ်ဖူးလို့ ဆိုပါတယ်။
(AP., 6 October 2023,” Biden says he had to use Trump-era funds for the border wall. Asked if barriers work, he says ‘No’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိကထမ်းဆောင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်ချုပ်တိုက်တွန်း
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ