ပျဉ်းမနားမြို့ ဆင်ဖြူတောင်၌ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား (၂)ဦး သေဆုံး
စော (NSS) - အောက်တိုဘာ ၆
နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ရှိ ဆင်ဖြူတောင်၌ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား (၂)ဦး သေဆုံးခဲ့ကြောင်း ပျဉ်းမနားမြို့နယ် အရန်မီးသတ်စခန်းထံမှ သိရသည်။
အမျိုးသား (၃)ဦးသည် ယနေ့ (အောက်တိုဘာ ၆ ရက်) မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် ပေ (၁ဝဝဝ)ခန့် အမြင့်ရှိသော တောင်ပေါ်၌ ရွှေများတူးနေစဉ် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလိုင်တွေမှာ ရွှေတူးနေရင်း ပြိုကျတာပါ။ သူတို့ကို ပိတ်လည်းပိတ်မိသွားတယ်။ ပိလည်းပိမိသွားတယ်။ အမျိုးသား(၂)ယောက်ကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးတာပါ။ ဒေသခံလို့ပဲ သိရပါသေးတယ်။ သာသနာ့ နယ်မြေမို့ အဲဒီနေရာကို ပိတ်ထားတာပါ။ တရားမဝင်ရွှေတူးသူဆိုတာ ဟုတ်ပါတယ်” ဟု ပျဉ်းမနားအရန် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ အမျိုးသား (၃)ဦးအနက် အမျိုးသား (၂)ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင်ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား ပျဉ်းမနားမြို့နယ်၊ ကုတင်(၂ဝဝ)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပဲဆီ နှင့် ပဲဖက်များ သယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ