ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပဲဆီ နှင့် ပဲဖက်များ သယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
စော (NSS) - အောက်တိုဘာ ၆
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ပဲဆီ နှင့် ပဲဖက်များ သယ်ဆောင်လာသည့် (၆)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၆ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၃၄/၂) ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းထံမှ သိရ သည်။
အဆိုပါ HINO RANGER အမျိုးအစား (၆)ဘီးယာဉ်သည် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာပြီး ပဲဆီ နှင့် ပဲဖက်များ သယ်ဆောင်လာသော ကားဖြစ်ကြောင်း သိရသည်။
“ယာဉ်မောင်းက အိပ်ငိုက်သွားတာပါ။ အိပ်ငိုက်သွားတော့ ကားက လမ်းလယ်ကျွန်းပေါ်ကိုတင်ပြီး တိမ်းမှောက်သွား တာပါ။ ကားပေါ်မှာ အမျိုးသားနှစ်ယောက်ပါ ပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား(၂)ဦးစလုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ ကြောင်း သိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရဲ့စက်မှုလုပ်ငန်းတွေဟာ ၂ဝ၂၄ ခုနှစ်ကနေ ၂ဝ၂၇ ခုနှစ်အတွင်း (၆ ဒသမ ၅) ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိနေဟု ခန့်မှန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ