သုဝဏ္ဏ၌ ခရီးသည် သုံးဦးက Taxi ယာဉ်မောင်းအား ဓားဖြင့် တိုက်ခိုက်ကာ ကားလုယက်သွား
NSS - အောက်တိုဘာ ၆
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ ခရီးသည်အမျိုးသား သုံးဦးက Taxi ယာဉ်မောင်းအား ဓားဖြင့် တိုက်ခိုက်ကာ အငှားယာဉ်အား လုယက်သွားကြောင်း သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များမှတဆင့် သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက်၊ ညနေ ၄ နာရီခန့်က ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းပေါ်မှ အငှားယာဉ် တစ်စီးအား အမည်မသိအမျိုးသားသုံးဦးက သုဝဏ္ဏရှိ ဆောက်လုပ်ရေးသင်တန်းကျောင်းအနီးသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် အငှားယာဉ်မောင်းမှ လိုက်ပါပို့ဆောင်ပေးစဉ် သုဝဏ္ဏ လုံးသွယ် ၁ လမ်းအရောက်၌ လမ်းမှားသည်ဟု ပြောဆိုကာ အခြားလမ်း တစ်လမ်းသို့ မောင်းနှင်ခိုင်းပြီးနောက် ဓားဖြင့်တိုက်ခိုက်ကာ ယာဉ်လုယက်ခဲ့ကြောင်း သိရသည်။
လုယက်သူသုံးဦးက ယာဉ်မောင်းအား ထိုးကြိတ်ခြင်း နှင့် ဓါးဖြင့် အန္တရာယ်ပြုခြင်းများ ပြုလုပ်ခဲ့ပြီး မော်တော်ယာဉ် နှင့် ဖုန်း၊ ပိုက်ဆံအိတ်များ ယူဆောင်ကာထွက် ပြေးသွားကြောင်းသိရသည်။
လုယက်ခံရမှုကြောင့် ယာဉ်မောင်းတွင် အပေါ်နှုတ်ခမ်း သွေးထွက်ဒဏ်ရာ၊ သွားဖုံးကွဲ ဒဏ်ရာ နှင့် အောက်နှုတ်ခမ်း သွေးခြေဥဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။
လုယက်ခံရသည့်ယာဉ်မှာ Honda Fit အမျိုးအစား ခဲပုပ်ရောင် ယာဉ်အမှတ် YGN 5F - 4562 ယာဉ်ဖြစ်ပြီး ယာဉ်နှင့်အတူ ယာဉ်မောင်း၏ ဖုန်းနှင့် ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ်တစ်သိန်းခန့်ပါ လုယက်ခံရကြောင်း သိရပြီး သုဝဏ္ဏနယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသည့်အတွက် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေဟု စွမ်းအားဝန်ကြီးဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ