စစ်ကိုင်း၌ ကွမ်းထွက်ဝယ်သည့် အမျိုးသား(၁)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး
NSS - အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်၌ ကွမ်းထွက်ဝယ်သည့် အမျိုးသား(၁)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၄ ရက်)၊ နံနက် (၉)နာရီခွဲဝန်းကျင်အချိန်တွင် ပန်းပဲတန်းရပ် ကွက်ရှိ သီရိမင်္ဂလာဂုံးကျော်တံတားပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘာကြောင့် အပစ်ခံရလဲတော့မသိဘူး။ သူမိန်းမပြောတာတော့ သူကကွမ်းထွက်ဝယ်တာတဲ့။ ထွက်ဝယ်တဲ့အချိန်မှာ အဲဒီလိုဖြစ်သွားတာဆိုပြီး ကျွန်တော်တို့ကို လှမ်းဆက်တာပါ။ ဇလုတ်နဲ့ လည်ပြွန်ကြား၊ လည်ပင်းပေါ့ ကျည်ကတစ်ချက်ထဲပဲ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် ကိုဟိန်းထက် (၂၉)နှစ်ဖြစ်ပြီး ဆိုင်ကယ်အရောင်းအဝယ်လုပ်သည့် ပွဲစားတစ်ဦးဖြစ်ကာ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။
ကိုဟိန်းထက်သည် လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ကိုဟိန်းထက်၏ရုပ်အလောင်းအား ၎င်း၏ဇာတိဖြစ်သည့် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မကျည်းတောကျေးရွာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဂျပန်အစိုးရ ကြေညာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ