မြဝတီမြို့၌ နေအိမ်အတွင်းရှိနေသည့် လင်မယား(၂)ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရ
NSS - အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ မြဝတီမြို့၌ နေအိမ်အတွင်းရှိနေသည့် လင်မယား(၂)ဦးအား သေနတ်ဖြင့်ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ရှိဒေသခံများထံမှသိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၅ ရက်)၊ နံနက် ၇နာရီအချိန်ခန့်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ(၃)လမ်းရှိ နေအိမ်အတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသည့် လင်မယားနှစ်ဦးသည် အသက်(၃၀)ကျော် ကိုသန်းထိုက်အောင်နှင့် ၎င်း၏ဇနီးဖြစ်သူ အသက်(၂၁)နှစ်အရွယ် မနှင်းနှင်းဝေတို့ဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာအသီးသီဖြင့် အခင်းဖြစ်ပွားရာနေရာ၌ လဲကျသေဆုံးနေကြောင်း သိရသည်။
“သူတို့အိမ်က လမ်းဒေါင့်လေးမှာရှိတာ။ အိမ်မှာကလဲ သူတို့လင်မယား(၂)ယောက်ပဲ နေကြတာပါ။ ဘယ်သူတွေကဘာ့ကြောင့် သတ်သွားကြလဲဆိုတာတော့ မသိရဘူးပေါ့။ သက် ဆိုင်ရာက စစ်ဆေးနေတုန်းပါ” ဟု မြဝတီမြို့ဒေသခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် လုပ်ကြံသတ်ဖြတ်သူများအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီကို ရုံးခန်းက အမြန်ဆုံးထွက်ခွာဖို့ အောက်လွှတ်တော် ယာယီဥက္ကဋ္ဌ နှင်ထုတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ