အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီကို ရုံးခန်းက အမြန်ဆုံးထွက်ခွာဖို့ အောက်လွှတ်တော် ယာယီဥက္ကဋ္ဌ နှင်ထုတ်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီနဲ့ သူရဲ့လက်ထေက်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ တဲ့ စတီနီ ဟိုယာတို့ကို အမေရိကန်လွှတ်တော်အဆောက်အဦးရှိ ၎င်းတို့ရဲ့အလုပ်နေရာတွေက အမြန်ဆုံးထွက်ခွာ ပြောင်းရွှေ့ဖို့ အမေရိကန်အောက်လွှတ်တော်ယာယီဥက္ကဋ္ဌ ပက်ထရစ် မက်ဟင်နရီက နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။
နန်စီပီလိုစီနဲ့ ဟိုယာတို့က လွှတ်တော်အဆောက်အဦးရှိ ၎င်းတို့ ရုံးခန်းတံခါးပိတ်ထားတာတွေကို ပြန်လည် သော့ခတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက်ကာသီကို အယုံကြည်မရှိကြောင်း အဆိုတင်သွင်းကာ ရာထူးက ဖြုတ်ချ ခဲ့ပြီးနောက် မက်ဟင်နရီကို အောက်လွှတ်တော်ရဲ့ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။
နန်စီပီလိုစီက အမေရိကန်အောက်လွှတ်တော်ယာယီဥက္ကဋ္ဌရဲ့ဆုံးဖြတ်ချက်က အစဉ်အလာကိုချိုးဖောက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ရီပတ်ဘလီကန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂါရက် ဂါရာဗက်စ်က နန်စီပီလိုစီရဲ့ရုံးခန်းကို ကီဗင်မက်ကာသီက လွှဲပြောင်းယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။
၎င်းက "နန်စီပီလိုစီနဲ့ အခြားဒီမိုကရက်တစ်ပါတီ အမတ်တွေဟာ ယခင်လွှတ်တော်တုန်းက အောက်လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ လွှတ်တော်အတွင်းရှိ ရုံးခန်းက ဖယ်ရှားပေးရမယ်။ နန်စီပီလိုစီ ရဲ့ ရုံးခန်းကို အောက်လွှတ်တော်ဥက္ကဋ္ဌနေရာက ဖြုတ်ချခံလိုက်ရတဲ့ကီဗင်မက်ကာသီက လွှဲပြောင်းယူမှာဖြစ်တယ်" လို့ ပြောပါတယ်။
နန်စီပီလိုစီက အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်တွေဟာ ၎င်းကို ရုံးခန်းကနေ နှင်ထုတ်ဖို့ စတင်လုပ်ဆောင်ခဲ့ပြီး အဲဒီလုပ်ရပ်အတွက် ဖြေရှင်းရမှာဖြစ်ကြောင်း ပြောပါတယ်။ နန်စီပီလိုစီဟာ အမေရိကန်အောက်လွှတ်တော်မှာ ဆန်ဖရန်စစ်စကိုမြို့ရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၃၅ နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး၊ ၅၂ ဦးမြောက် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်များစွာရှိနေသော်လည်း စွမ်းအင်ထုတ်လုပ်နိုင်မှုတွင် အကန့်အသတ်များ ရှိနေသည်ဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း