Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်များစွာရှိနေသော်လည်း စွမ်းအင်ထုတ်လုပ်နိုင်မှုတွင် အကန့်အသတ်များ ရှိနေသည်ဟုဆို

စော (NSS) - အောက်တိုဘာ ၅

မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်များစွာရှိနေသော်လည်း စွမ်းအင်ထုတ်လုပ်နိုင်မှုတွင် အကန့်အသတ်များရှိနေကြောင်း ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။


စွမ်အင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၃)ရက်မှ (၆)ရက်အထိ ကာဇက်စတန်နိုင်ငံ၊ Astana မြို့၌ ပထမဆုံးအကြိမ် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စွမ်းအင်ဖိုရမ် အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးကိုကိုလွင်က မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များစွာရှိနေပြီး ထုတ်လုပ်နိုင်မှုတွင် အကန့်အသတ်များရှိနေခြင်းကြောင့် “ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့- SCO” နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ပေါကြွယ်ဝခြင်းကြောင့် လျှပ်စစ်ဓာတ်အားအများစုကို ရေအားလျှပ်စစ်မှထုတ်လုပ်နေပြီး သဘာဝဓာတ်ငွေ့မှလည်း လျှပ်စစ်ဓာတ်အား ထုတ် လုပ်လျက်ရှိကြောင်း သိရသည်။

သို့သော် ရရှိနိုင်သော သဘာဝဓာတ်ငွေ့ပမာဏသည် အကန့်အသတ်ရှိနေပြီး စွမ်းအင်အ တွက် ကျောက်မီးသွေးနှင့် အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးစားနေကြောင်း ၎င်းကပြောကြားခဲ့သည်။ 

ထို့ကြောင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေသည့်အတွက် ပူးပေါင်းဆောင် ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း ဝန်ကြီးဦးကိုကိုလွင်က ထပ်မံပြောကြားခဲ့သည်။

လက်ရှိတွင် စွမ်းအင်ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ ကျောက်မီးသွေး နှင့် ရေအားလျှပ်စစ်စီမံကိန်းများ၊ အပူစွမ်းအင်ဆိုင်ရာစီမံကိန်းများ၊ ဆိုလာစီမံကိန်းများရှိကြောင်း သိရသည်။

ထို့ပြင် ရုပ်ကြွင်းလောင်စာဖြစ်သော ရေနံသဘာဝဓာတ်ငွေ့ကိုတိုး၍ ထုတ်လုပ်နိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရင်းနှီးသောမိတ်ဖက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စွမ်းအင်ကဏ္ဍအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရကာ စည်းမျဉ်း ဥပဒေဆိုင်ရာ စိန်ခေါ်မှုများ ၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဖိအားများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို “SCO”သည် ၎င်း၏ အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် လုပ်ဖော်ကိုင် ဖက်များ၏ ခွန်အားများကို ပေါင်းစည်းခြင်းဖြင့် အောင်မြင်စွာကျော်လွှားနိုင်မည်ကို ယုံကြည်ကြောင်း ဝန်ကြီးဦးကိုကိုလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်” SCO” အဖွဲ့ဝင်များနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးထူထောင်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို အထူးဂရုပြုမည်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်၊ မြောက်ကိုရီးယားတို့နဲ့တင်းမာမှုတွေကြောင့် အမေရိကန်ထုတ် Tomahawk ဒုံကျည်များ ဝယ်ယူရေးကို အလျင်မြန်လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved