တရုတ်၊ မြောက်ကိုရီးယားတို့နဲ့တင်းမာမှုတွေကြောင့် အမေရိကန်ထုတ် Tomahawk ဒုံကျည်များ ဝယ်ယူရေးကို အလျင်မြန်လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံထုတ် Tomahawk ခရုဇ်ဒုံးကျည် တွေကို အလျင်မြန်ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ပြီးလာမယ့် ၂ဝ၂၅ ခုနှစ်မှာ စတင် ဝယ်ယူသွားဖွယ်ရှိနေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့နဲ့ တင်းမာမှုတွေရှိနေချိန်မှာ အမေရိကန်နိုင်ငံထုတ် ခရုဇ်ဒုံးကျည်တွေကို ဝယ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာ က ပြောပါတယ်။
ဂျပန်အစိုးရဟာ ကီလိုမီတာ ၁၆ဝဝ ကျော်အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ Tomahawk Block V အမျိုးအစား ဒုံးကျည်အစင်း ၄ဝဝ ကိုဝယ်ယူဖို့ အစောပိုင်းက စီစဉ်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျပန်အစိုးရဟာ အမေရိကန်ထုတ် Tomahawk Block V ဒုံးကျည်အစင်း ၂ဝဝ ကျော်ကို ၂ဝ၂၅ ခုနှစ်နဲ့ ၂ဝ၂၇ ခုနှစ်အတွင်း အပြီးသတ်ဝယ်ယူရရှိဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
၎င်းက "အင်ဒိုပစိဖိတ်ဒေသမှာပဲဖြစ်ဖြစ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် အင်အားသုံးပြီး အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်း တာတွေကို သည်းခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ မဟာမိတ်တွေနဲ့အတူ တုံ့ပြန်နိုင်စွမ်း ပိုမိုကောင်းမွန်ဖို့ နဲ့ ကြိုတင် တားဆီးမှုတွေ ပိုမိုကောင်းမွန်ဖို့ လိုအပ်နေတယ်" လို့ ပြောပါတယ်။
ဂျပန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကာကွယ်ရေးအသုံးစရိတ်တွေကို သိသိသာသာ တိုးမြှင့်သုံးစွဲလာနေပြီး ဂျပန်အစိုးရကိုယ်ပိုင်တပ်ဖွဲ့တွေကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အမေရိကန်ကာကွယ်ရေး ဝန်ကြီးလွိုင်အော်စတင်ကလည်း ၎င်းတို့နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံကို ကာကွယ်ပေးမယ်ဆိုတဲ့ကတိတွေကို သံမဏိကဲ့သို့ မယိမ်းမယိုင် ဆက်လက်ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။
ဂျပန်စစ်ဘက်ရဲ့စစ်ရေးအဆင့်မြင့်တင်ဖို့ ကြိုးပမ်းနေတာတွေကို အားပေးထောက်ခံကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်း၌ ကွမ်းထွက်ဝယ်သည့် အမျိုးသား(၁)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း