၂ဝ၂၃ ခုနှစ်က ကမ္ဘာ့အပူချိန်မြင့်မားတဲ့ စံချိန်တင်နှစ် တစ်နှစ် ဖြစ်လာဖွယ်ရှိနေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
၂ဝ၂၃ ခုနှစ်ဟာ ကမ္ဘာ့အပူချိန်မြင့်မားတဲ့ စံချိန်တင် နှစ်တစ်နှစ်ဖြစ်လာခဲ့ကြောင်း၊ ဥရောပသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲရေးဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
ဒီနှစ်အတွင်း အပူချိန်ဟာ ပျှမ်းမျှအပူချိန်ထက် ဝ ဒသမ ၅၂ ဒီဂရီစင်တီဂရိတ် ပိုမြင့်တက်လာနေကြောင်း အဆိုပါအဖွဲ့က ပြောပါတယ်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့အပူချိန်ဟာ ၁၈၅ဝ ပြည့်နှစ်ကနေ ၁၉ဝဝ ပြည့်နှစ် အတွင်းရှိခဲ့ဖူးတဲ့ အပူချိန်ထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ် မြင့်တက်နေကြောင်း သိရပါတယ်။
ရာသီဥတုပြောင်းလဲမှုတွေဟာ ကမ္ဘာ့ရာသီဥတု နဲ့ အပူချိန်ကို မြင့်တက်အောင် တွန်းအားပေးစေခဲ့ကြောင်း အဆိုပါ အဖွဲ့က သုံးသပ်ထားပါတယ်။ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက် ဒီနှစ်မှာ ၁ ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ် အထိတိုးလာဖွယ်ရှိနေကြောင်းသိရပါတယ်။
ဒီနှစ်အတွင်း အယ်နီညိုဝင်ရောက်မှုတွေကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကမ္ဘာ့အပူချိန် စံချိန်တင်မြင့်တက် လာခဲ့ကြောင်း သိရပါတယ်။ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ရေမျက်နှာပြင်ပူနွေးမှုတွေ ရှိလာခဲ့ရာ ကမ္ဘာ့အပူချိန်စံချိန်တင်မြင့်တက်လာနေကြောင်း သိရပါတယ်။ အန္တာတိက ပင်လယ်ရေခဲပြင်ဟာ တစ်နှစ်တာ အတွင်း စံချိန်တင် အနိမ့်ဆုံးအဆင့်ကိုရောက်ရှိနေသလို အာတိတ်ရေခဲမျက်နှာပြင်ဟာလည်း ပျှမ်းမျှထက် ၁၈ ရာခိုင်နှုန်း လျော့နည်းနေကြောင်း သိရပါတယ်။
ရာသီဥတုဆိုင်ရာသုတေသီတစ်ဦးဖြစ်တဲ့ Samantha Burgess က "ပြီးခဲ့တဲ့နွေရာသီမှာ အပူချိန် စံချိန်တင်ဖြစ်လာ ခဲ့တယ်။ စက်တင်ဘာလအတွင်း အပူချိန်ကိုလေ့လာကြည့်ရာမှာလည်း အပူချိန်မြင့်တက်နေဆဲဖြစ်တယ်။ စက်တင်ဘာလအတွင်း အပူချိန်ဟာ ယခင်နှစ်တွေက ရှိခဲ့ဖူးတဲ့ ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ပိုများနေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေများ ဆုတ်ခွာသွားနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း