လာမည့်နှစ်ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေများ ဆုတ်ခွာသွားနိုင်ကြောင်း မိုးဇလအသိပေး
စော (NSS) - အောက်တိုဘာ ၅
လာမည့် နှစ်ရက်တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေများ ဆုတ်ခွာသွားနိုင်ကြောင်း မိုးဇလမှအသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၅ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် လာမည့် အောက်တိုဘာလ ၇ ရက်တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာသွားနိုင်ကြောင်း သိရသည်။
မုတ်သုံလေသည် မြန်မာနိုင်ငံမှဆုတ်ခွာသွားသော်လည်း အရှေ့ဘက်မှ လာသည့် လေပွေလှိုင်းများ၊ ဘင်္ဂလားပင်လယ်အော်မှဖြစ်ပေါ်လာသည့် လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးရွာသွန်းမှုများ ဆက်လက်ရှိနိုင်ကြောင်း သိရသည်။
“အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေ ဘင်္ဂလားပင်လယ်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိ အားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေဖြစ်ဖို့ကရှိသေးတယ်။ အဲဒါတွေကြောင့် မုတ်သုံကထွက်ပေမဲ့ မိုးကတော့မကုန်သေးဘူး။ ဆက်ရွာနိုင်သေးတယ်”ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းက NSS ကိုပြောသည်။
အဆိုပါ မုတ်သုံအဆုတ်ကာလတွင် နေ့အပူချိန် မြင့်တက်နိုင်ခြင်း၊ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ဖိလစ်ပိုင်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ကိုအိနူသည် ထိုင်ဝမ်ကျွန်းတောင်ပိုင်းမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သိရသည်။
အဆိုပါ ကိုအိနူမုန်တိုင်းသည် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာနိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို ဒီသီတင်းပတ်အတွင်း စတင်ရုတ်သိမ်းတော့မယ်လို့ ပြင်သစ်စစ်ဘက်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း