Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မြန်မာအမျိုးသမီး သေဆုံး

ဂျန်ဇက် (NSS) - အောက်တိုဘာ ၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ရှော့ပင်းမောမှာ အောက်တိုဘာလ ၃ ရက်၊ ညနေပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။


ထိုင်းရဲချုပ် Torsak Sukvimol က အဆိုပါရှော့ပင်းမောတွင် အသက် ၁၄ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက ပစ်ခတ်မှုကျူးလွန်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ လက်နက်ချအဖမ်းခံခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။သေဆုံးခဲ့သူနှစ်ဦးအနက် တစ်ဦးက တရုတ်နိုင်ငံသား ခရီးသွားတစ်ဦးဖြစ်ပြီး အခြားတစ်ဦးက ရှော့ပင်းမောမှာအလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထိုင်းရဲချုပ်ကပြောပါတယ်။ 

ဒါ့ပြင် ဒဏ်ရာရသူငါးဦးထဲမှာ တရုတ်နိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသား တစ်ဦးနဲ့ ထိုင်းနိုင်ငံ သားသုံးဦးတို့ပါဝင်ခဲ့ပြီး  နှစ်ဦးကစိုးရိမ်ရတဲ့အခြေအနေမျိုးရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ဒဏ်ရာရသူ ငါးဦးကို  ချူလာလောင်ကွန် ဆေးရုံ၊ ထိုင်းရဲဆေးရုံ နဲ့ ဘန် ကောက်မြို့ရှိ ခရစ်ယာန်ဆေးရုံတို့မှာ ပြုစုကုသပေးနေကြောင်းသိရပါတယ်။ 

ပစ်ခတ်မှုကျူးလွန်သူဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါရှိနေသူဖြစ်ပြီး အသက် ၁၄နှစ်အရွယ်သာရှိသေးကြောင်း၊ ၎င်းဟာ BB gun ကိုအသုံးပြုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းရဲ့နေအိမ်ကို စစ်ဆေးချိန်မှာလည်း ကျည်ဆံတွေ နဲ့ ပစ္စတိုသေနတ်တွေကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါအသက် ၁၄နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားဟာ ရှော့ပင်းမော မြေညီထဲမှာ ပစ်ခတ်မှုစတင်လုပ်ဆောင်ခဲ့ပြီးနောက် ဒုတိယအထပ် နဲ့ တတိယအထပ်တွေကိုလည်း သွားရောက်ခဲ့ကာ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ထံ လက်နက်ချအညံခံခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိအချိန်မှာ ပစ်ခတ်မှုကျူးလွန်တဲ့ ထိုင်းလူငယ်ကို Pathumwan  ရဲစခန်းကို လွှဲပြောင်းပေးထားကြောင်းသိရပါတယ်။ ပစ်ခတ်မှုကျူးလွန်တဲ့လူငယ်ဟာ ရှော့ပင်းမော အနီးမှာရှိနေတဲ့ စာသင်ကျောင်းမှာ ကျောင်းတက်ရောက်နေသူဖြစ်ကြောင်း၊Rajvithi ဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါကို ပြုစုကုသခဲ့ရပေမယ့် နောက်ပိုင်းမှာ ဆေးသောက်တာတွေကို ရပ်တန့်ခဲ့ကြောင်းသိရပါတယ်။ The Essence အမည်ရှိ ပုဂ္ဂလိက စာသင်ကျောင်းက ပစ်ခတ်မှုကျူးလွန်သူဟာ ၎င်းတို့ကျောင်းကဖြစ်ပြီး ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၌ လစ်လပ်နေသော ရာထူးနေရာ(၂၀)အတွက် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved