သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၌ လစ်လပ်နေသော ရာထူးနေရာ(၂၀)အတွက် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ
စော(NSS) - အောက်တိုဘာ ၄
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၌ လစ်လပ်နေသော ရာထူးနေရာ(၂၀)အတွက် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ယနေ့ (အောက်တိုဘာလ ၄ ရက်) တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် အငယ်တန်းစာရေးရာထူးအတွက် (၅)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပုံနှိပ်ကျွမ်းကျင်-၅(စက်)ရာထူးအတွက် (၁၅)ဦးခန့်အပ်သွားမည်ဖြစ်ပြီး AGTI အောင်မြင်သူ သို့မဟုတ် အထက်တန်းအောင်မြင်သူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
အထက်ပါရာထူးများ လျှောက်ထားသူများသည် အောက်တိုဘာလ (၂၃)ရက်တွင် အသက် (၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုပြီး နိုင်ငံဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် လျှောက်လွှာများကို အောက်တိုဘာလ (၂၃)ရက်တွင် နောက် ဆုံးထား၍ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ရုံးအမှတ်(၇)သို့ ပေးပို့နိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် အငယ်တန်းစာရေးရာထူးအတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ကွန်ပျူတာကျွမ်းကျင်မှုကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ပုံနှိပ်ကျွမ်းကျင်-၅(စက်)ရာထူးအတွက် မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ကွန်ပျူတာကျွမ်းကျင်မှုကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း