Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်းတော်မြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားပြီး (၅)ရက်အကြာ၌ ပုပ်ပွသေဆုံးလျက်ပြန်လည်တွေ့ရှိ

Pearl (NSS) - အောက်တိုဘာ ၄

အင်းတော်မြို့နယ်၌ ကျောင်းထိုင်ဆရာတော်တစ်ပါးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၅)ရက်အကြာ၌ ပုပ်ပွသေဆုံးလျက်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ထို့ကြောင့် လက်ရှိအချိန်ထိ အကြမ်းဖက်သမားများ၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့သော သံဃာတော်(၉၀)နီးပါးရှိလာခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အင်းတော်မြို့နယ်၊ ပင့်တင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဉာဏိက (၅၃)နှစ်၊ (၃၃)ဝါအား KIA / PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။ 

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်  ပင်ငယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးလယ်တောစပ်၌ ဆရာတော် ဥူးဉာဏိကအား အကြမ်းဖက်သတ်ဖြတ်ခဲ့မှုကြောင့် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ (၂) ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေခဲ့ပြီး  ၎င်းရုပ်အလောင်းအား အောက်တိုဘာလ (၁)ရက်တွင် ပုပ်ပွလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင်လည်း ပဲခူးတိုင်း၊  ထန်းတပင်မြို့နယ် ၊ မင်းကြိုင်းရွာ၊ ကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လအား  KNU/PDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ 

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင်လည်း မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျောင်းထိုင်ဆရာတော်ဥူးဝိစိတ္တကို PDF အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၉ ရက်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာသည်လည်း အကြမ်းဖက်အဖွဲ့၏ ဓါးဖြင့် ရက်ရက်စက်စက်ခုတ်သတ်ခြင်းကိုခံခဲ့ရကာ ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

လက်ရှိတွင် နိုင်ငံတော်အတွင်း သံဃာတော် ၈၈ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ လုပ်ကြံသတ်ဖြတ်ခံထားရပြီး အထက်ပါဖြစ်စဉ်များမှ သံဃာတော်များအား သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့တွင် YBS နှင့် Chevrolet ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ယာဉ်မောင်းတစ်ဦးပွဲချင်းပြီးသေဆုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved