Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ကန်ပိုက်တီ”မြို့အား “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲ

Pearl (NP News) - ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁ဝ/၂ဝ၂၃) ဖြင့် အထက်ပါကဲ့သို့ အမည်ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ကန်ပိုက်တီမြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့ဖြစ်ပြီး တရုတ်ဘာသာဖြင့် “ကန်းပိုင်တီ” “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊ တီ=နေရာ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရသည်။ 

ယခင်က ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာအုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၆၅၃၄ ပေတွင်တည်ရှိကာ မြို့ဧရိယာမှာ ၂ဝ၈ ဒသမ ၅၉ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။

ကန်ပိုက်တီမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ၃ဝ တို့ဖြင့် ကန်ပိုက်တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁ ပါပြဋ္ဌာန်းချက်နှင့် အညီဖြစ်စေရန် မြို့နယ်ခွဲစကားရပ်အားပယ်ဖျက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂ဝ၁၄ ခုနှစ်၊ မေလ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့” အဖြစ် တည်ရှိလာခဲ့သည်။

ယခုအခါ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပါ “ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်း”ဟူသည့် “ကံပိုင်တည်” အမည်အား နိုင်ငံတစ်ဝန်းတစ်ပြေးညီသုံးစွဲနိုင်စေရန် မြို့နေပြည်သူလူထုများ၏ သဘောထားများဖြင့် ကချင်အထူး ဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောထားထောက်ခံချက်ဖြင့် နစကသို့ တင်ပြခဲ့ကြောင်း သိရသည်။ 

ထိုသို့ တင်ပြမှုအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ကာ ယခုကဲ့သို့ အမည်ပြောင်းလဲပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

“ကံပိုင်တည်” မြို့သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိသောကြောင့် မကြာမီကာလတွင် ပြည်ထောင်စု၏ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့တစ်မြို့အဖြစ် မြင်တွေ့ကြရတော့မည်ဟု နစကမှ ဆိုထားသည်။

zawgyi version

“ကန္ပိုက္တီ”ၿမိဳ႕အား “ကံပိုင္တည္” ၿမိဳ႕အျဖစ္ အမည္ေျပာင္းလဲ

Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ “ကန္ပိုက္တီ”ၿမိဳ႕ကို “ကံပိုင္တည္” ၿမိဳ႕အျဖစ္ အမည္ေျပာင္းလဲ ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။

ျပည္ထဲေရးဝန္ႀကီးဌာန၏ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၄)ရက္ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္(၁၁ဝ/၂ဝ၂၃) ျဖင့္ အထက္ပါကဲ့သို႔ အမည္ေျပာင္းလဲျပင္ဆင္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ 

ကန္ပိုက္တီၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ နယ္စပ္ၿမိဳ႕ျဖစ္ၿပီး တ႐ုတ္ဘာသာျဖင့္ “ကန္းပိုင္တီ” “ကန္း=ေျခာက္ေသြ႕ျခင္း၊ ပိုင္= ပ်က္စီးျခင္း၊ တီ=ေနရာ”ဟု အဓိပၸာယ္ဖြင့္ဆိုထားေၾကာင္း သိရသည္။ 

ယခင္က ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေဝါ့ခ်ဳံးေက်း႐ြာအုပ္စုအတြင္းပါဝင္ေသာ ေက်း႐ြာငယ္တစ္ခုျဖစ္ခဲ့ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၆၅၃၄ ေပတြင္တည္ရွိကာ ၿမိဳ႕ဧရိယာမွာ ၂ဝ၈ ဒသမ ၅၉ စတုရန္းမိုင္က်ယ္ဝန္းေၾကာင္း သိရသည္။

ကန္ပိုက္တီၿမိဳ႕ကို ျပည္ထဲေရးဝန္ႀကီးဌာန၏ ၂ဝ၁၁ ခုႏွစ္ ဇန္နဝါရီလ(၁၂)ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာျဖင့္ ရပ္ကြက္သုံးရပ္ကြက္၊ ေက်း႐ြာအုပ္စုသုံးအုပ္စု၊ ေက်း႐ြာ ၃ဝ တို႔ျဖင့္ ကန္ပိုက္တီၿမိဳ႕နယ္ခြဲအျဖစ္ စတင္ဖြဲ႕စည္းခဲ့သည္။

ထို႔ေနာက္ ၂ဝဝ၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၅၁ ပါျပ႒ာန္းခ်က္ႏွင့္ အညီျဖစ္ေစရန္ ၿမိဳ႕နယ္ခြဲစကားရပ္အားပယ္ဖ်က္၍ ျပည္ထဲေရးဝန္ႀကီးဌာနမွ ၂ဝ၁၄ ခုႏွစ္၊ ေမလ ၂၂ ရက္တြင္ “ၿမိဳ႕”အျဖစ္ ျပင္ဆင္ ဖြဲ႕စည္းခဲ့သျဖင့္ “ကန္ပိုက္တီၿမိဳ႕” အျဖစ္ တည္ရွိလာခဲ့သည္။

ယခုအခါ ျမန္မာစာလုံးေပါင္း သတ္ပုံက်မ္း ပါ “ကံ=ကံေကာင္းျခင္း၊ ပိုင္= ျပည္ေထာင္စုကပိုင္ဆိုင္ျခင္း၊ တည္=တည္ၿငိမ္ျခင္း၊ တည္တံ့ျခင္း၊ တည္ရွိျခင္း”ဟူသည့္ “ကံပိုင္တည္” အမည္အား ႏိုင္ငံတစ္ဝန္းတစ္ေျပးညီသုံးစြဲႏိုင္ေစရန္ ၿမိဳ႕ေနျပည္သူလူထုမ်ား၏ သေဘာထားမ်ားျဖင့္ ကခ်င္အထူး ေဒသ(၁) ထာဝရၿငိမ္းခ်မ္းေရးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးဇခုန္တိန႔္ယိန္းက ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္၏ သေဘာထားေထာက္ခံခ်က္ျဖင့္ နစကသို႔ တင္ျပခဲ့ေၾကာင္း သိရသည္။ 

ထိုသို႔ တင္ျပမႈအေပၚ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စိစစ္ေဆာင္႐ြက္ခဲ့ကာ ယခုကဲ့သို႔ အမည္ေျပာင္းလဲျပင္ဆင္ခဲ့ျခင္းျဖစ္သည္။

“ကံပိုင္တည္” ၿမိဳ႕သည္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးစခန္းတည္ရွိေသာေၾကာင့္ မၾကာမီကာလတြင္ ျပည္ေထာင္စု၏ဖြံ႕ၿဖိဳးတိုးတက္ေသာ နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ျမင္ေတြ႕ၾကရေတာ့မည္ဟု နစကမွ ဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်တံခါးမြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်ခုအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved