Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငွေကြေးအကူအညီများတောင်းခံနေခြင်းနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကို ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်လှောင်ပြောင်

ဂျန်ဇက် (NSS) - အောက်တိုဘာ ၃

ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ အမေရိကန်အစိုးရနဲ့ မဟာမိတ်နိုင်ငံများထံကနေ ဘဏ္ဍာရေးအကူအညီများတောင်းခံခဲ့ခြင်းနဲ့ပတ်သက်ပြီး ယူကရိန်း သမ္မတဇီလန်စကီးကို လှောင်ပြောင်လိုက်ကြောင်းသိရပါတယ်။ 


SpaceX and Tesla ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့အီလွန်မတ်ဟာ ယူကရိန်းကို အရပ်သားတွေအင်တာနက်အသုံးပြုနိုင်အောင် Starlink ဂြိုလ်တုများအသုံးပြုခွင့်ပေးခဲ့ပေမယ့် ယူကရိန်းစစ်ဘက်ဟာ ခရိုင်းမီးယားတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ Starlink တွေကိုအသုံးပြုဖို့ စီစဉ်လာခြင်းကို ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်းသိရပါတယ်။

အီလွန်မတ်က "ငါးမိနစ်လောက်တွေ့ဆုံချိန်ရတာအောင် ဇီလန်စကီးဟာ အမေရိကန်ကို ဒေါ်လာဘီလျံချီပေးဖို့ အကူအညီတောင်းခံတာမျိုးမလုပ်သင့်ဘူး"လို့ဝေဖန်ခဲ့ပါတယ်။

ဇီလန်စကီးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက အမေရိကန်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးအမေရိကန်အစိုးရထံကနေ ငွေကြေးအကူအညီများရယူနိုင်ဖို့ အကူအညီတောင်းခံခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Chuck Schumer က " ယူကရိန်းသမ္မတနဲ့ဆွေးနွေးဖြစ်ခဲ့တယ်။ ယူကရိန်းသမ္မတက အမေရိကန်အစိုးရထံကနေ အကူအညီတွေမရတော့ဘူးဆိုရင် စစ်ပွဲရှုံးနိမ့်မယ်ဆိုတာကိုပြောခဲ့တယ်"လို့ပြောပါတယ်။

အမေရိကန်အစိုးရဟာ ရုရှားနဲ့ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ယူကရိန်းကို အမေရိကန်ဒေါ်လာ ၄၆ ဘီလျံကူညီပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေထဲမှာလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးခြင်းအတွက် သဘောထားကွဲလွဲနေပြီး ရီပတ်ဘလီကန်ပါတီအမတ်တွေဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ငြင်းဆန်ကန့်ကွက်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၆ ဘီလျံတောင်းခံမှုကိုငြင်းပယ်ခဲ့ပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးခြင်းထက် အမေရိကန် နယ်စပ်ဒေသ ကာကွယ်နိုင်ရေးကို ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရပ်ထားသောကွန်တိန်နားကားကို CANTER ကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

RECENT POSTS
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved