ရပ်ထားသောကွန်တိန်နားကားကို CANTER ကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
စော(NSS) - အောက်တိုဘာ ၃
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ရပ်ထားသောကွန်တိန်နားကားတစ်စီးအား CANTER ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂ရက်)၊ နေ့လည် (၁၂)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ဈေးရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်နေသော အမျိုးသားတစ်ဦးအား ဖြစ်စဉ်ဖြစ်ပွားပြီး (၁၁)မိနစ်အကြာတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်သိတာက ကားနှစ်စီးက ယှဉ်မောင်းလာတာ အဲဒီမှာတစ်စီးက ကွန်တိန်နာနောက်ဖင်ကို ဝင်တိုက်တာပါ။ ရပ်ထားတဲ့ကားက ကွန်တိန်နာပါ။ တိုက်တဲ့ကားက (၁၂)ပေ CANTER ပါ”ဟု မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အသက်(၃၄)နှစ်အရွယ်ရှိ ကိုအောင်ပိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာမှာ မစိုးရိမ်ရသော်လည်း မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းသိရသည်။
အလားတူ ရန်ကုန်တိုင်း၊ သင်္ယန်းကျွန်းမြို့နယ်တွင် အောက်တိုဘာလ (၁)ရက်၊ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်၌ Light Truck ကားအား YBS မှ ဝင်တိုက်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ နစကအကြီးအကဲကို ဖိတ်ကြားထားဟု ထိုင်းသတင်းဖော်ပြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ