ခရီးသည်တင်ယာဉ်ပေါ်တွင် လက်ဆွဲအိတ်အတွင်းထည့်၍ သယ်ဆောင်လာသော ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
Pearl (NSS) - အောက်တိုဘာ ၂
ခရီးသည်တင်ယာဉ်ပေါ်တွင် လက်ဆွဲအိတ်အတွင်းထည့်၍ သယ်ဆောင်လာသော ငွေကျပ်သိန်း (၁၅၀၀)တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၃၀ ရက် ၊ နံနက် ၅နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရှာဖွေစဉ် ရန်ကုန်မြို့မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မောင်ဇော်ဝင်း၏ လက်ဆွဲအိတ်အတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း)အလေးချိန် ၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မောင်ဇော်ဝင်း(၄၁)နှစ်အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်လေးပင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့နှင့် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးစစ်ကြောင်းနှင့်အတူပါလာသော ဘတ်ဟိုးတစ်စီးမီးရှို့ဖျက်ဆီးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ