စစ်တွေမြို့၌ အသက် (၆၂)နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်သာထဲတွင် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
စော(NSS)- အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသက်(၆၂)နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်သာထဲတွင် ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂ရက်)၊ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်အချိန်တွင် စစ်တွေမြို့၊ ဓညဝတီ(ခ)ရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
“သူက စိတ်မနှံ့ဘူး။ နယ်ကနေ ဒီမှာဆေးခန်းလာပြတာပါ။ သူက အိမ်သာထဲမှာ ကြိုးဆွဲချနေတာပါ။ ကျွန်တော်တို့ရောက်တော့ လူတွေက အိမ်သာထဲကထုတ်ပြီးသွားပါပြီ” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားမှာ ဦးမောင်သိန်း (၆၂)နှစ်ဖြစ်ပြီး မင်းပြားမြို့နယ်၊ ဖုံသာချောင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ယာယီတည်ခိုသည့်နေအိမ်မှတစ်ဆင့် စစ်တွေဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်ယာဉ်ပေါ်တွင် လက်ဆွဲအိတ်အတွင်းထည့်၍ သယ်ဆောင်လာသော ငွေကျပ်သိန်း(၁၅၀၀)တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ