မြန်မာ့ဘောလုံးလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက် စာချုပ်ချုပ်ဆို
ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၂၂
မြန်မာ့ဘောလုံးလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက် စာချုပ် ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း (Partnership Contract) အခမ်းအ နားကို ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
ဧရာဝတီဘဏ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေး စင် အသင်းနှင့် ဖူဆယ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန်၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များသွား ရောက်နိုင်ရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အကယ်ဒမီကျောင်းများ လည်ပတ်ဆောင် ရွက်ရန် နှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မိတ်ဖက်ပံ့ပိုးကူညီသူ Partnership အဖြစ် တစ်နှစ်အတွက် ငွေကျပ်သိန်း ၁ဝ၅ဝဝ ပံ့ပိုးကူညီခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်နှင့် AYA Pay တို့သည်လည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး AYA Pay အနေဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်ကျင်းပနေသည့် ၂ဝ၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ငွေကျပ်သိန်း တစ်သောင်း ပံ့ပိုးကူညီခြင်းဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် (၂ ဒသမ ၆)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း