မူဆယ်မြို့၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး
NSS - အောက်တိုဘာ ၁
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဆိုင်ကယ်ဖြင့် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်)၊ ညနေ (၃)နာရီအချိန်တွင် မူဆယ်မြို့၊ နမ့်အွန်ကျေးရွာအုပ်စု၊ ကောင်းဝိန်းကျေးရွာအဝင် လမ်းဘေး၌ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ဝမ်းဗိုက်၌ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့အကူအညီလာတောင်းတဲ့အချိန်မှာ ဒဏ်ရာနဲ့လဲနေတယ်။ ဆေးရုံပို့ပေးဖို့အကူအညီလာတောင်းပါတယ်။ သူကလမ်းဘေးမှာ ညာဘက်ဝမ်းဗိုက်နေရာမှာ သေနတ်ဒဏ်ရာဖြစ်နိုင်တယ်။ နောက်ကျောထိပေါက်သွားတာပေါ့။ သူကရေခဲချောင်းရောင်းတာပါ။ မိသားစုနဲ့အဆက်သွယ်ရပါတယ်။ သူ့မိန်းမကိုယ်တိုင်လာအကူအညီတောင်းတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းသားတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် ကိုအောင်မျိုးလင်း (၃၈)နှစ်ဖြစ်ပြီး မူဆယ်မြို့ မိုင်းယု (၁၀၅)မိုင်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက မုသားအင်ပါယာ တစ်ခုဖြစ်ကြောင်း တရုတ်အစိုးရ ဝေဖန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ