အမေရိကန်နိုင်ငံက မုသားအင်ပါယာ တစ်ခုဖြစ်ကြောင်း တရုတ်အစိုးရ ဝေဖန်
Pika (NSS) - အောက်တိုဘာ ၁
အမေရိကန်နိုင်ငံသည် မဟုတ်မမှန်သော စကားများကိုပြောဆိုနေသည့် မုသားအင်ပါယာ တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြောဆိုခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံသည် သတင်းအချက်အလက်များကို ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းမှုအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုနေသည်ဆိုသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် ဆင်ဆာဖြတ်တောက်ခြင်းများ၊ သတင်းအချက်အလက်များ စုဆောင်းခြင်း နှင့် နိုင်ငံခြားသတင်း များကို လျှို့ဝှက်ဝယ်ယူခြင်းတို့မှတစ်ဆင့် ကမ္ဘာ့မီဒီယာများကို ကြိုးကိုင်ခြယ်လှယ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာသည် မဟုတ်မမှန်သော အချက်အလက်များကိုပြောဆိုထား သည့် မှားယွင်းနေသော အစီရင်ခံစာတစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန် ပြောခဲ့သည်။ အဆိုပါအစီရင်ခံစာကို ထုတ်လုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အေဂျင်စီများသည် သတင်းအမှားများ၏ အဓိကရင်းမြစ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က "အမေရိကန်နိုင်ငံဟာ မဟုတ်မမှန်ပြောဆိုနေတဲ့ မုသားအင်ပါယာတစ်ခုဖြစ် တယ်ဆိုတာက အချက်အလက်တွေက အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ" ဟု ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ်များ အတွင်း တရုတ်အစိုးရသည် ၎င်းထိန်းချုပ်ထားသော မီဒီယာများကို ပိုမိုတိုးချဲ့ရန် ကြိုးပမ်းခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ် သည်။
တရုတ်အစိုးရသည် ကမ္ဘာ့မီဒီယာများက ဖြန့်ဝေထားသည်ဟု ယူဆထားသော တရုတ်နိုင်ငံအပေါ် အဆိုးမြင်မှုများကို ရှင်းလင်းရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အသင်းကစားသမား၏ခြေစွမ်းအပေါ် စိတ်ပျက်နေတဲ့ မန်ယူ နည်းပြ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း