Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားတပ်ဖွဲ့တွေရဲ့ခုံခံကာကွယ်မှု ခံစစ်လိုင်းတွေက မျှော်လင့်ထားတာထက် ပိုမို တောင့်တင်းကောင်းမွန်နေကြောင်း ဗြိတိန်ဗိုလ်ချုပ်ကြီးပြော

ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ

ရုရှားတပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးခံစစ်လိုင်းဟာ မျှော်လင့်ထားတာထက် ပိုမိုတောင့်တင်းကောင်းမွန်နေကြောင်း၊ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ရုရှားခံစစ်လိုင်းကို ကျော်ဖြတ်နိုင်အောင် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို ပြန်လည်ချိန်ညှိဖို့ လိုအပ်ကြောင်း ဗြိတိန် စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Tony Radakin ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


ရုရှားတပ်ဖွဲ့တွေရဲ့ခံစစ်လိုင်းဟာ အနောက်အုပ်စုနိုင်ငံများ ကနဦးမျှော်လင့်ထားတာ ပိုမိုခုခံနိုင်ကြောင်း သက်သေပြနိုင်ခဲ့ကြောင်း၊ ယူကရိန်း-ရုရှားစစ်ပွဲဟာ လက်ရှိထက်အချိန်ပိုမိုကြာမြင့်နိုင်ကြောင်း ဗြိတိန်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ 

ဗြိတိန်ဗိုလ်ချုပ်ကြီးက "အနောက်အုပ်စုနိုင်ငံတွေရဲ့ စစ်ရေးအကြီးအကဲတွေဟာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို ဂရုစိုက်လုပ်ဆောင်သင့်တယ်။ ရုရှားခံစစ်လိုင်းတွေကို ယူကရိန်းတပ်ဖွဲ့တွေ ထိုးဖောက်နိုင်အောင် တန်ပြန်ထိုးစစ်ဆင်မှုအခြေအနေများကို ပြန်လည်ချိန်ညှိသင့်တယ်"လို့ပြောပါတယ်။ 

ယူကရိန်းဟာ ရုရှားကို ဇွန်လအစောပိုင်းကတည်းက စစ်မျက်နှာသုံးခုဖွင့်ကာ တန်ပြန် ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရဘဲ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုများနဲ့ရင်ဆိုင်နေရကြောင်းသိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ တန်ပြန်ထိုးစစ်ဆင်မှုစတင်ခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင်ဦးရေ (၁)သိန်းနီးပါးထိခိုက်ကျဆုံးခဲ့သလို အနောက်အုပ်စုနိုင်ငံများက ကူညီပေးထားတဲ့စစ်လက်နက်ပစ္စည်း အနည်း ဆုံး ၅၀၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ 

ဗြိတိန်ဗိုလ်ချုပ်ကြီးက "စစ်ရေးပဋိပက္ခမှာ ယူကရိန်းတပ်ဖွဲ့တွေ အောင်မြင်နိုင်မှု စွမ်းရည် ဟာ ရုရှားခံစစ်တွေကို ထိုးဖောက်ကျော်လွန်နိုင်မှုအပေါ် မူတည်နေတယ်။ တိုက်ပွဲတွေကိုအနိုင်ရဖို့က စစ်ရေးအပေါ်မူတည်နေတယ်။ ဒါပေမယ့် စစ်ပွဲအနိုင်ရဖို့ဆိုတာ စီးပွားရေး နဲ့ စီးပွားရေးအလားလာကောင်းမွန်မှုတွေနဲ့သက်ဆိုင်နေတယ်"လို့ပြောပါတယ်။ 

ဒါ့ပြင် ဗြိတိန်ဗိုလ်ချုပ်ကြီးက ယူကရိန်းစစ်တပ်ဟာ ပရော်ဖက်ရှင်နယ် စစ်တပ်မျိုးမဟုတ်ကြောင်း၊ ပရော်ဖက်ရှင်နယ်စစ်တပ်မဟုတ်တဲ့ ယူကရိန်းစစ်တပ်အတွက် ရုရှားခံစစ်လိုင်းတွေကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းရှာဖွေနိုင်ဖို့ ကြိုးပမ်းပေးရဖွယ်ရှိနေကြောင်း ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဝင် (၂၈) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာဟု နစက ထုတ်ပြန်

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved