အမေရိကန်၏ ရေနံသိုလှောင်မှု ကျဆင်းလာချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်း အမြင့်ဆုံးသို့ရောက်ရှိလာ
Pika (NSS) - စက်တင်ဘာ ၂၉
အမေရိကန်နိုင်ငံရှိ ရေနံသိုလှောင်ရုံတစ်ခုတွင် သိုလှောင်မှုများကျဆင်းလာမှုနှင့်အတူ စက်တင်ဘာလ(၂၈)ရက် တွင် ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁ဝဝ)နီးပါး ရောက်ရှိလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး ကျပ်တည်းမှုများရှိလာမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
Brent futures ရေနံစိမ်းဈေးနှုန်းသည် (၁)ရာခိုင်နှုန်း တိုးလာခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၇ ဒသမ ၂၅)ထိ မြင့်တက်လာခဲ့သလို US West Texas Intermediate ရေနံစိမ်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၅)ဒေါ်လာထိ ရောက်ရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်ရေနံစိမ်းသိုလှောင်မှု စုစုပေါင်းသည် စည်ပေါင်း (၂ ဒသမ ၂ သန်း) ကျဆင်းသွားခဲ့ကာ စည်ပေါင်း(၄၁၆ ဒသမ ၃) သန်းသာရှိတော့ကြောင်း အမေရိကန်အစိုးရ၏ ဒေတာ အချက် အလက်များအရ သိရသည်။
TD Securities ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Bart Melek က "ရေနံစိမ်းသိုလှောင်မှုတွေ ကျဆင်းလာမှုနဲ့အတူ ရေနံစိမ်းဈေးနှုန်းတွေက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အမေရိကန်မှာ သိုလှောင်မှုတွေ ဆက်လက်ကျဆင်းနေပြီး OPEC+ အဖွဲ့ဟာ ထုတ်လုပ်မှုတွေကို ဆက်လျှော့ချနေမယ်ဆိုရင် လာမယ့်နှစ်မှာလည်း ကမ္ဘာ့ရေနံဈေးနှုန်းဟာ အမြင့်ဆုံးအဆင့်မှာ ရှိနေဦးမှာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ယခုလအစောပိုင်းတွင် OPEC အဖွဲ့ခေါင်းဆောင် ဆော်ဒီအာရေးဗျသည် ယခုနှစ်ကုန်အထိ ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း(၁)သန်းအထိ လျှော့ချရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ထို့အပြင် ရုရှားသည် ၎င်း၏ ရေနံစိမ်းတင်ပို့မှုကို ယခုနှစ်ကုန်အထိ တစ်ရက်လျှင် စည်ပေါင်း(၃)သိန်းအထိ လျှော့ချရန် မကြာသေးမီက ကတိပြုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကြေးစားတပ်ဖွဲ့ Wagner မှ တပ်သားများ ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်းစစ်ဖက်ပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း