ပါကစ္စတန်နိုင်ငံတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၅၂)ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅ဝ) ကျော်ရှိ
Pika (NSS) - စက်တင်ဘာ ၂၉
ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ်တွင် စက်တင်ဘာလ(၂၉)ရက်က တမန်တော်မိုဟာမက်၏ မွေးနေ့ကို ကျင်းပရန်အတွက် လူများစုဝေးနေသည့် ဗလီတစ်ခုအနီးတွင် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၅၂)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ဘလိုချီစတန်ပြည်နယ် Mastung ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တမန်တော်မိုဟာမက်၏ မွေးနေ့နှစ်ပတ်လည်အဖြစ် လူများစုဝေးနေသည့် ဗလီအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဗလီအနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း Mastung ခရိုင်လက်ထောက်ကော်မရှင်နာ Atta Ul Munim က ပြောကြားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ထားပြီး ၎င်းတို့အထဲမှ ပြင်းထန် စွာထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်ဌာနများသို့ လွှဲပြောင်းပေးထားကြောင်း ရဲအရာရှိဂျေ့ဗ်လာရီ က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ က "ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အချို့က စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်။ ဒါက အသေခံဗုံးခွဲမှုပဲဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် ဘတ်သန်း(၃ဝဝ)တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ