Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦးအပျက်အစီးများကြားထဲ (၁၂)ရက်ကြာပိတ်မိနေခဲ့ပေမယ့်အသက်ရှင်သန်ခဲ့တဲ့ တူရကီစုံတွဲ

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ

ဆီးရီးယားနဲ့တူရကီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးနဲ့အပျက်အစီးများကြားထဲမှာ (၁၂)ရက်ကြာပိတ်မိနေတဲ့ လင်မယား စုံတွဲနဲ့ သားဖြစ်သူတို့ကို အသက်ရှင်လျက် ကနဦး ပြန်ကယ်တင်နိုင်ခဲ့ပေမယ့် သားဖြစ်သူဟာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကာဂျစ္စတန် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်က တူရကီနိုင်ငံ Antakya မြို့ရှိအပျက်အစီးများကြားထဲ ရက်ပေါင်း (၁၂)ရက်ကြာပိတ်မိနေခဲ့တဲ့ အသက် (၄၉)နှစ်အရွယ်ရှိ Samir Accar နဲ့ အသက် (၄ဝ)အရွယ်ရှိ Ragda တို့အပြင် သားဖြစ်သူကိုလည်း တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ ဖေဖော်ဝါရီလ ၆ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် Samir Accar နဲ့သူရဲ့ဇနီးဖြစ်သူတို့ဟာ အပျက်အစီးများကြားထဲမှာ ရက်ပေါင်းများစွာပိတ်မိနေတဲ့အတွက် အားပြတ်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

၎င်းတို့ကို ပြန်ကယ်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဆရာဝန်တွေဟာ အဆိုပါလင်မယား စုံတွဲကို တွန်းလှည်းပေါ်မှာတင်ကာ အားဆေး၊ အကြောဆေးများချက်ချင်းထိုးပေးကာ ဆေးရုံပေါ်တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ Samir Accar နဲ့သူရဲ့ဇနီးဖြစ်သူတို့ အသက်ရှင်ခဲ့ပေမယ့် သူတို့ရဲ့သားဖြစ်သူကတော့ ဆေးရုံမှာကုသချိန်အတွင်း သေဆုံးခဲ့တယ်လို့ တူရကီအာဏာပိုင်တွေကပြောပါတယ်။ငလျင်ကြောင့် တူရကီနိုင်ငံမှာအနည်းဆုံး လူပေါင်း (၄ဝဝဝဝ)ကျော်သေဆုံးခဲ့ပြီး တူရကီနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တယ်လို့ တူရကီအစိုးရတာဝန်ရှိသူများက ပြောပါတယ်။

ငလျင်ကြောင့် တူရကီနိုင်ငံမှာ အိုးအိမ်အဆောက်အဦးပေါင်း (၃၄၅ဝဝဝ) ပြိုကျပျက်စီးခဲ့ပြီး ရုပ်အလောင်းရှာမတွေ့ဘဲ သေဆုံးသူအများအပြားရှိနေဆဲဖြစ်ကြောင်းသတင်းတွေကဖော်ပြပါတယ်။ တူရကီနိုင်ငံအပြင် ဆီးရီးယားနိုင်ငံမှာလည်း ငလျင်ကြောင့်အနည်းဆုံးလူပေါင်း (၇ဝဝဝ) နီးပါးသေဆုံးထားကာ အဆောက် အဦးအများအပြားပြိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်။ တူရကီအစိုးရဟာ ငလျင်ပြိုကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သီတင်းပတ် (၂)ပတ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ စီစဉ်နေကြောင်းသိရပါတယ်။

zawgyi version







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သထုံမြို့တွင် ကုန်များတင်လာသည့် ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်းသေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved