ကွတ်ခိုင်မြို့၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - စက်တင်ဘာ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်)၊ နံနက် (၁၁)နာရီဝန်းကျင်အချိန်တွင် နမ့်ဖက်ကာကျေးရွာအတွင်း အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TNLA အဖွဲ့ဝင်များသည် နမ့်ဖတ်ကာကျေးရွာ၏ အနောက်တောင်ဘက်မီတာ (၁၇၀၀)ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင် နေထိုက်လျက်ရှိသော အသက်(၁၁)နှစ်အရွယ်ရှိ ယောကျ်ားလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်အား နမ့်ဖတ်ကာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာနှင့် အနီးတစ်ဝိုက်အားနယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် (၂)ဦး ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ