ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် (၂)ဦး ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
Pearl (NSS) - စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်အတွင်းမှ PDF အဖွဲ့ဝင် (၂)ဦး ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) ၊ ညပိုင်းတွင် အထက်ပါကဲ့သို ထုတ်ပြန်ထားခြင်းဖြစ် သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။
ထိုသို့ဝင်ရောက်လာသူ (၂)ဦးအား ပြန်လည်ကြိုဆိုလက်ခံခြင်းကို စက်တင်ဘာလ ၂၆ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်၊ ဈေးတန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ငွေများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။
နစကအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပိုလာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်(၁၈)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း